Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမည့် သရက်သီး ထိုးမုန့်


သရက်သီးပေါ်တုန်းလေး အိမ်တွင်လည်း လွယ်လင့်တကူပြုလုပ်နိုင်ပြီး ကလေးများနှင့် လူကြီးများလည်း အကြိုက်တွေ့စေမည့်

သရက်သီးထိုးမုန့် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကောက်ညှင်းမှုန့်၊ ပီလောပီနံမှုန့်၊ သကြား၊ အုန်းနို့၊ သရက်သီးမှည့်၊ ထောပတ်ဆီ၊ ဘိန်းစေ့၊ မလိုင် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဇလုံတစ်လုံးထဲသို့ ကောက်ညှင်းမှုန့်၊ ပီလောပီနံမှုန့်၊ အုန်းနို့၊ သကြားနှင့် သရက်သီးတို့ကို ထည့်ပြီး သမအောင် မွှေပေးပါ။

 

ပြီးလျှင် အိုးမကပ်သော ဒယ်အိုးတစ်ခုထဲသို့ ထောပတ်ဆီထည့်ပြီး ကောက်ညှင်းမှုန့် အရောကို ထည့်လိုက်ပါ။

 

ပြီးနောက် မီးအနေတော်ဖြင့်ထားပြီး အဆက်မပြတ်မွှေပေးပါ။

 

တဖြည်းဖြည်း ဆီပြန်ပြီး လုံးလာသည်အထိ မွှေပေးပါ။ မိနစ်အနည်းငယ်ခန့် မွှေပြီး လုံးလာပါက ဘိန်းစေ့အနည်းငယ်ထည့်ပြီး သမအောင်မွှေပေးကာ မီးဖိုမှ ချပြီး အအေးခံထားပါ၊

 

နောက်ဆုံး အနည်းငယ် အေးသွားပါက အပေါ်မှ မလိုင်ကို ဖြန့်ထည့်ပေးပြီး ရင်တော့ သရက်သီးထိုးမုန့်ကို လိုအပ်သလို လှီး၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်၊

Read times Last modified on Tuesday, 18 September 2018 13:15
Rate this item
(2 votes)