Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သင်္ကြန်တွင်းလေး အုန်းနို့သာကူ လုပ်စားကြမယ်

လွယ်လင့်တကူပြုလုပ်နိုင်ပြီး သင်္ကြန်ကာလနဲ့လည်း လိုက်ဖက်တဲ့ အုန်းနို့သာကူ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ သာကူစေ့၊ အုန်းနို့၊ သကြား၊ ရေ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး သာကူစေ့ကို ရေနွေးနွေးလေးနဲ့ ဆယ့်ငါးမိနစ်ခန့် စိမ်ပေးထားပါ။

 

ပြီးလျှင် ရေနွေးဆူဆူမှာထည့်ပြီး မွှေပေးထားပါ။ သာကူစေ့မကပ်အောင်ပါ။

 

သာကူစေ့ရပြီဆိုရင်တော့ ဇကာဖြင့် စစ်ပြီး ရေအေးထဲ လောင်းချထားပါ။

 

သာကူပွပြီး အလုံးကြီးတဲ့အခါဆယ်ယူပြီး ရေစစ်ထားပါ။ ပြီးနောက် ပန်းကန်လုံးတစ်ခုထဲသို့ ထည့်ထားပေးပါ။

 

ပြီးရင်တာ့ အုန်းနို့ဗူးကိုဖောက်ပြီး သကြားရည်ဖြင့် ရောလိုက်ပါ၊ ပြီးလျှင် ဆားအနည်းငယ်ထည့်လိုက်ပါ။

 

ပြီးနောက် စားမည့် ပန်းကန်လုံးထဲသို့ သာကူထည့်၊ အုန်းနို့ထည့်၊ အုန်းသီးဖတ်လေး ဖြူးပြီး တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Friday, 05 April 2019 13:57
Rate this item
(1 Vote)