Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပုစွန်နှင့် ခ၀ဲသီးဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အရည်သောက်လေးစားချင်သူများအတွက်

လွယ်ကူမြန်ဆန်တဲ့ ပုစွန်နှင့် ခ၀ဲသီး ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ခ၀ဲသီး၊ ပုစွန်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆီ၊ နနွင်းမှုန့်တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ခ၀ဲသီးကို အပေါ်ဖက်မှ အခွံမာမာများကို ဓါးနှင့် ခြစ်လိုက်ပါ။ အခွံအားလုံး ကုန်သွားစရာမလိုဘဲ အပေါ်ယံ ကုန်သည်ထိဘဲ ခြစ်ထားပါ။

 

အခွံများ ခြစ်ပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ အလုံးလိုက် ရေဆေးပေးပါ။ ရေဆေးပြီးလျှင် အကွင်းလိုက် ခပ်ထူထူလေး လှီးပေးပါ။

 

ပြီးလျှင် ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ။ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။

 

ပုစွန်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ။ ဒယ်အိုးကို ရေဆေးပြီး ဒယ်အိုးထဲသို့ ပုစွန်၊ ခ၀ဲသီး၊ ဆား၊ ဆီ၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထည့်ကာ အရသာဝင်အောင် ခပ်ဖွဖွနယ်ပေးပါ။

 

အရသာ နယ်ပြီးတာနဲ့ရေအနည်းငယ်ထည့်ကာ မီးဖိုးပေါ်တင်ပြီး ဟင်းအိုးကို တည်ပေးပါ။ ဟင်းအိုး လုံးရည် ပွက်ပွက်ဆူလာတာနဲ့ ခ၀ဲသီးအစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကို ဖွင့်ပေးကာ ရေထပ်ထည့်ပြီး ရေပွက်ပွက်ဆူအောင် တည်ပေးပါ။

 

ရေဆူပြီး ခ၀ဲသီးနူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်ထည့်၍ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်၍ အိုးကိုမီးဖိုပေါ်က ချပြီး ထမင်းပူပူလေးနှင့် သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:50
Rate this item
(2 votes)