Myanmar
ထမင်းမြိန်စေမယ့် ဘေဘီဂေါ်ဖီလေးတွေ ချက်စားကြမယ်
ထမင်းမြိန်စေမယ့် ဘေဘီဂေါ်ဖီလေးတွေ ချက်စားကြမယ်။ နာမည်အမှန်ကတော့ ( Brussels sprouts ) ဘရက်ဆဲလ် စပရော့က်စ်ပါ။
ဘေဘီဂေါ်ဖီလို့လည်း ခေါ်ကြပါတယ်။ Baby corm, Baby carrot လိုမျိုးပဲမို့ နာမည် ဆင်တူ၊ မှတ်ရလွယ်အောင် ခေါ်ကြတာပါ။ ဘေဘီဂေါ်ဖီတွေကို ရေသေချာဆေးပါ။
ချက်မယ့်အိုးထဲမှာ ဆီလေး နည်းနည်းနဲ့ ကြက်သွန်ဖြူ နှုတ်နှုတ်စင်းထားတာလေးကို ထည့်ပါ။ ဆီသတ်ပြီးမှ ဘေဘီဂေါ်ဖီတွေ ထည့်၊ ဟင်းခတ်မှုန့်၊ ဆား၊ သကြား၊ ပဲငံပြာရည် စတာတွေကို နောက်မှ ထည့်မွှေပါ။
ရေလေး နည်းနည်းပဲ ဖျန်းပြီး ဘေဘီဂေါ်ဖီလေးတွေ နူးလာပီဆို စားလို့ ရပါပြီ။ သူ့အရသာက ချိုပြီး စားလို့ကောင်းပါတယ်။ အရသာက တမျိုးလေးပါပဲ။ တငုံစာပဲ ရှိပါတယ်။ အရမ်းနူးအောင်တော့ မချက်ပါနဲ့။ အရမ်းနူးသွားရင် ပျော့ပြဲပြီး စားလို့ သိပ်မကောင်းတော့ပါဘူး။
ဂေါ်ဖီထုပ် သေးသေး ကျစ်ကျစ်လေးဆိုတော့ တို့စရာ အနေနဲ့ စားမယ်ဆိုရင်လည်း ရေနွေးဖျောလိုက်ရုံနဲ့တင် စားလို့ ရနေပါပြီ။ တို့စရာအနေနဲ့လည်း စားကောင်းပါတယ်။
ငါးပိရည်နဲ့ပဲ ဖြစ်ဖြစ်၊ ခရမ်းချဉ်သီးထောင်း၊ ခရမ်းချဉ်သီး ငံပြာရည်ချက် စတာတွေနဲ့လည်း တွဲစားလို့ကောင်းပါတယ်။ ရေနွေးဖျောထားတဲ့ ဂေါ်ဖီရွက်နဲ့ တို့စားရတာ ကြိုက်တဲ့သူမျိုးဆို ဒီလို ဘေဘီဂေါ်ဖီ ရေနွေးဖျောလေးကို တို့စရာအနေနဲ့ ကြိုက်ကြမှာပါ။
Ref: colourfulrecipes
Read More >>> သက်သတ်လွတ် အာလူးအစပ်ချက်