Myanmar
ရှောက်သီးသုပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မိုးတွင်းအချိန် ချဉ်ငံစပ်လေးစားချင်သူများအတွက်
အိမ်တွင် လွယ်လင့်တကူပြုလုပ် နိုင်တဲ့ ရှောက်သီးသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ရှောက်သီး၊ မြေပဲ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ငပိ၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်။ နံနံပင်တို့လိုအပ်ပါမယ်။
ပထမဆုံး ရှောက်သီးကို အခွံနွှာ အစေ့ထုတ်ပြီး ရှောက်သီးနွှာယူပါ။ မြေပဲကို မညက်တညက်ထောင်းထားပါ။ ပုစွန်ခြောက်ကိုလည်း ထိုနည်းတူ မညက်တညက်ထောင်းထားပါ။
ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေး ရေစစ်ထားပါ။
ပြီးလျှင် ဇလုံတစ်လုံးထဲတွင် နွှာထားသောရှောက်သီးထည့်၊ ပါးပါးလှီးထားသော ကြက်သွန်နီထည့်၊ မညက်တညက်ထောင်းထားသော မြေပဲမှုန့်နှင့် ပုစွန်ခြောက်မှုန့်ထည့်၊ ပဲမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ဟင်းခတ်မှုန့်နှင့် ဆား တို့ကိုထည့်ပြီး နှံ့အောင်နယ်ပေးပါ။
အပေါ့အငန်မြည်းပြီးရင်တော့ အပေါ်မှ နံနံပင်လေးအုပ်ကာ ဟင်းချိုပူပူလေးနှင့် ရှောက်သီးသုပ်ကို ထမင်းပူပူလေးနှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။