Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


နွားနို့ယိုလုပ်နည်း

မန္တလေး၊ ပြင်ဦးလွင် စတဲ့ ဒေသတွေမှာ စားတဲ့ နို့ယိုတစ်မျိုးဖြစ်ပါတယ်။ မနက်စာအနေနဲ့ ပေါင်မုန့်၊ နံပြားစတာတွေနဲ့ ညှပ်စားလို့ရသလို ရိုးရိုး အချိုပွဲအနေနဲ့ တည်ခင်းလို့ရပါသေးတယ်။

 

ပါဝင်ပစ္စည်းအနေနဲ့ကတော့ နွားနို့၊ အုန်းသီး၊ သကြား၊ ဆား တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး နွားနို့ကို မီးခပ်အေးအေးနဲ့ ကျိုပေးရပါမယ်။ နွားနို့ကို ပျစ်လာသည်အထိ ကျိုပေးပါ။ နွားနို့ကျိုနေစဉ်မှာ နွားနို့ဝေကျမှာစိုးတဲ့ အတွက် မွှေပေးနေရင်း ပျစ်လာရင် ပိုကောင်းပါတယ်။

 

အချိန်တော်တော်ကြာကြာလေး ကျိုနေရင်းနဲ့ နွားနို့က ၃ ပုံ ၁ ပုံသာသာပဲ ကျန်တယ်ဆိုရင် အုန်းခြစ်နဲ့ခြစ်ထားတဲ့ အုန်းသီးဖတ်လေးများနဲ့ သကြားကိုထည့်ပြီး ဆက်မွှေပေးနေပါ။ ဆားကိုလဲ ထည့်ပေးပါ။ ဒါမှ အရသာလေးလေးနဲ့ စားလို့ပိုကောင်းပါမယ်။

 

ဆက်မွှေနေရင်းနဲ့ နွားနို့မကျန်တော့တဲ့အထဖြစ်လာရင် မီးပိတ်ပြီး ထားလိုက်ပါ။ အေးလာတဲ့အခါမှာ နွားနို့ဟာ ပိုခမ်းသွားမှာမို့ အရည်အနည်းငယ်ဆိုရုံမျှ ချန်ကာ ထားရပါမယ်။

 

နွားနို့ယို အေးသွားရင် ရေခဲသေတ္တာထဲမှာ ၅ ရက်ခန့် ထားပြီးတော့ စားနိုင်ပါတယ်။

 

Read times Last modified on Friday, 12 October 2018 12:44
Rate this item
(1 Vote)