Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းရိုးရာစတိုင် ဝက်သားအချိုပေါင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ၀က်သားကို ရှမ်းရိုးရာစတိုင်

ဝက်သားအချိုပေါင်းနည်းလေးကို ဖော်ပြ ပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဝက်သား၊ ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အနောက်၊ သကြား၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီတို့ လိုအပ်ပါမယ်။

 

အရင်ဆုံး ဝက်သားကို အတုံးခပ်ကြီးကြီးတုံး၍ ရေဆေးပြီး သကြား၊ ဆား၊ ဟင်းခတ်မှုန့်တို့နှင့် သမအောင်နယ်၍ နာရီဝက်ခန့် နှပ်ထားပါ။

 

ချင်းနဲ့ကြက်သွန်ဖြူကို မညက်တညက်ထောင်းထားပါ။ ကြက်သွန်နီကို လေးစိတ်စိပ်ပြီး ရေဆေးထားပါ။

 

အားလုံးပြင်ဆင်ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်လိုက်ပါ။ ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းကို ဆီသတ်ပါ။

 

ကြက်သွန်များအနည်းငယ် နွမ်းပြီး အနံ့မွှေးလာရင် နှပ်ထားတဲ့ဝက်သားကို ထည့်၍ မွှေပေးပါ။ ခဏအဖုံးအုပ်ပြီး မီးအေးအေးနဲ့လုံးထားပါ။

 

ဝက်သားများအဆီပြန်ပြီး အသံတဖျစ်ဖျစ်မြည်လာရင် ဟင်းပေါင်းအိုးထဲပြောင်းထည့်၍ ရေအနည်းငယ်ထည့်ကာ မိနစ် ၃၀ ခန့် ပေါင်းပေးပါ။

 

မိနစ် ၃၀ ကြာရင် ဝက်သားများနူးအိပြီး ဆီပြန်သွားလျှင်တော့ အရသာရှိပြိး အနံ့အရသာနှင့်ပြည့်စုံတဲ့ ဝက်သားအချိုပေါင်းကို ထမင်းပူပူလေးနှင့် သုံးဆောင်နိုင်ပါပြီ။


Read times Last modified on Monday, 17 September 2018 13:52
Rate this item
(0 votes)