Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မာလာငါးပေါင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွား၍စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း လုပ်စားလို့ရတဲ့ မာလာငါးပေါင်းလုပ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။


လိုအပ်သည့်အမယ်များကတော့ ဆလားဗီးယား၊ မာလာငါးအနှစ်၊ မြေပဲ၊ လှော်ထားသောနှမ်း၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ဂျင်းနှင့် ဆီ တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးကို ရေဆေးသန့်စင်ထားပါ။ သန့်စင်ထားသောငါးကို ပန်းကန်တစ်ခုထဲထည့်၍ မညက်တညက်ထောင်းထားသော ဂျင်းအရည်ကို အပေါ်မှ ညှစ်ချပါ။ ငါး၏ နှစ်ဖက်စလုံးကို ဂျင်းရည်ညှစ်ထားပေးပါ။

 

၎င်းနောက် ငါးကို မိနစ်အနည်းငယ်ခန့်ပေါင်းထားပါ။ ပြီးလျှင် ပေါင်းထားသောငါးမှ ထွက်လာသောအရည်များကို သွန်ပစ်လိုက်ပါ။

 

မာလာငါးအနှစ်အတွက် အိုးတစ်လုံးထဲတွင် ဆီ၊ မာလာငါးအနှစ်ကို ရေထည့်ပြီးတည်ပါ။ ပြီးနောက် အနှစ်များကျက်ပြီဆိုလျှင် မီးကိုလျော့၍ မြေပဲ၊ နှမ်း၊ တရုတ်နံနံ၊ ကြက်သွန်မိတ်တို့ကိုထည့်၍ နှံ့အောင်မွှေပေးထားပါ။

 

ပြီးလျှင်တော့ ပေါင်းထားသောငါးပေါ်သို့ မာလာငါးအနှစ်ကို ဆမ်းလိုက်ပါ။ ပြီးနောက် အလွန်အရသာရှိသော ချက်ပြုတ်ရလွယ်ကူတဲ့ မာလာငါးပေါင်းကို ထမင်းပူပူနှင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 13:20
Rate this item
(2 votes)