Myanmar
တို့ဟူးသုပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မိုးတွင်းဘက်မိုးအေးအေးနှင့် နေ့လည်နေ့ခင်းအိမ်တွင်
မိသားစုဆုံတုန်းလေး ပြုလုပ်စားသောက်နိုင်တဲ့ တို့ဟူးသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ တို့ဟူး၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ နံနံပင်၊ ရှောက်ရွက်၊ ကြက်သွန်ဖြူ၊ မန်ကျည်းသီး၊ ပုစွန်ခြောက်မှုန့်၊ ငရုပ်သီးအကျက်မှုန့်၊ ငံပြာရည်၊ ဆီ၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်သွန်ဖြူကို အခွံနွှာပြီး ခပ်ပါးပါးလေးလှီး၍ ဒယ်အိုးထဲ ဆီ၊ ဆနွင်းမှုန့်လေးထည့်ကာ ဆီချက်ချက်ပေးထားပါ။
ဂေါ်ဖီကို ရေဆေးပြီး ပါးပါးလေးလှီးထားပါ။ ကြက်သွန်နီကိုလည်း ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ။
နံနံပင်ကို ရိတ်ရိတ်လေးလှီးထားပါ။ မန်ကျည်းသီးကို ရေကျက်အေးလေးနှင့် ဖျော်ထားပါ။
ပြီးလျှင်တော့ အမယ်များအားလုံးကို ဇလုံတစ်လုံးထဲသို့ထည့်၊ ဆီချက်ထည့်၊ ဟင်းခတ်မှုန့်ထည့်၊ မန်ကျည်းရည်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ငံပြာရည်ထည့်ပြီး ခပ်ဖွဖွလေးနယ်ပေးပါ။
ပြီးရင်အပေါ်မှ နံနံပင်နှင့် ရှောက်ရွက် ခပ်ပါးပါးလှီးထားတာတွေကို ထည့်လိုက်ပါ။ ပြီးရင်တော့ တို့ ဟူးသုပ် ချဉ်ငံစပ်လေးကို ရေနွေးပူပူလေးသောက်ပြီး သုံးဆောင်နိုင်ပါတယ်။