Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ခရမ်းသီးပေါင်မုန့်ကပ်ကြော်

မိသားစု ဆုံတုန်းလေး ကလေးများနှင့် လူကြီးများ အကြိုက်တွေ့စေမည့်အပြင် နေ့လည်ဘက်တွင် အဆာပြေလုပ်စားနိုင်တဲ့

ခရမ်းသီးပေါင်မုန့်ကပ်ကြော်ပဲဖြစ်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပေါင်မုန့်ခြောက်၊ ခရမ်းသီး၊ ဂျုံမှုန့်၊ ကြက်ဥ၊ ဆား၊ ငရုပ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။

 

ခရမ်းသီးကို ရေဆေးသန့်စင်ပြီး အ၀ိုင်းလေးတွေဖြစ်အောင်ပါးပါးလှီးထားပါ။ ကြက်ဥနှစ်လုံးကို ပန်းကန်ထဲဖောက်ထည့်ပြီး ခေါက်ထားပါ။

 

ပြီးနောက် ပန်းကန်လုံးထဲတွင် ဂျုံမှုန့်၊ ဆား၊ ငရုပ်ကောင်းမှုန့်တို့ကို ရောနယ်ပေးထားပါ။

 

ခရမ်းသီးကို ဂျုံမှုန့်ဖြင့် နယ်ပါ။ ပြီးနောက် ခေါက်ထားတဲ့ ကြက်ဥထဲနှစ်လိုက်ပါ။

 

ပြီးလျှင် ပေါင်မုန့်ခြောက်ကပ်လိုက်ပါ။ နောက်ခရမ်းသီးများကိုလည်း ထိုနည်းတူ ပြုလုပ်ပါ။

 

ပြီးလျှင် မီးဖိုပေါ်သို့ ဒယ်အိုးတင် ဆီထည့်ပြီး အပူပေးထားပါ။ ဆီပူလာလျှင် ပေါင်မှုန့်ခြောက်ကပ်ထားတဲ့ ခရမ်းသီးကို ထည့်ကြော်လိုက်ပါ။

 

ပြီးနောက် အရသာရှိသော ခရမ်းသီးပေါင်မုန့်ကပ်ကြော်ကို ကြိုက်နှစ်သက်ရာ အပူ၊ အအေးနှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:41
Rate this item
(1 Vote)