Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


တို့ဟူးသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် မိသားစုဆုံတုန်းလေး ထမင်းမြိန်စေမည့်

အသုပ်တစ်မျိုးဖြစ်တဲ့ တို့ဟူးသုပ် လေးအကြောင်းဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကုလားပဲအစိမ်းမှုန့်၊ နနွင်းမှုန့်၊ သခွားသီး၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ နံနံပင်၊ မန်ကျည်သီး၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ပုစွန်ခြောက်မှုန့်၊ ဆီချက်၊ ငရုတ်သီးအကျက်မှုန့်၊ ပဲမှုန့်အကျက်မှုန့် တို့ ပါဝင်ပါမယ်။

 

ပထမဆုံး ကုလားပဲအစိမ်းမှုန့်ကို ရေဖျော်ရပါမယ်။ ရေဖျော်တဲ့အခါမှာ သတိထားရမှာက ကုလားပဲအမှုန့်ကို သေချာ ပျော်သွားအောင် မွှေပေးရပါမယ်။ ပြီးရင်တော့ နနွင်းမှုန့်ထည့်ပြီး ဖျော်ပေးပါ။ ရေကို မနည်းအောင် ဂရုစိုက်ပါ။

 

ပြီးလျှင် အိုးထဲကို တို့ဟူးအရည်ဖျော်ထားတာထည့်ပြီး မီးဖိုပေါ်တင်လိုက်ပါ။ မီးကို အရမ်းမတင်ဖို့တော့ ဂရုစိုက်ပါ။

 

တို့ဟူးတဖြည်းဖြည်းပျစ်လာပြီဆိုရင်တော့ ယောင်းမနဲ့ကော်ပြီး ပန်းကန်လုံးထဲထည့်ကြည့်လိုက်ပါ။ ခဏနေလို့ ခဲသွားပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ချလို့ရပါပြီ။ ပြီးရင် တို့ဟူးခဲရမယ့် လင်ဗန်းထဲထည့်ပြီး အအေးခံထားပါ။ ပြီးနောက် တို့ဟူးကို ပါးပါးလှီးပါ။

 

ဂေါ်ဖီထုပ်၊ သခွားသီး၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ နံနံပင် တို့ကိုလည်း ခပ်ပါးပါးလှီးထားပါ။ မန်ကျည်းသီးကို အနှစ်ရအောင် ရေနွေးဖြင့် စိမ်ထားပေးပါ။

 

အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင်တော့ ဇလုံတစ်လုံးထဲကို တို့ဟူး၊ ဂေါ်ဖီထုပ်၊ သခွားသီး၊ ကြက်သွန်နီ၊ ပဲမှုန့်အကျက်မှုန့်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ မန်ကျည်ရည်၊ ငရုတ်သီးအကျက်မှုန့်၊ ဆီချက်၊ ပုစွန်ခြောက်မှုန့်နှင့် ဟင်းခတ်မှုန့်တို့ကိုထည့်ပြီး သမအောင် ရောမွှေပေးပါ။

 

အရသာကိုမြည်းကြည့်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ အနေတော်ရောက်ရင်တော့ ပန်းကန်ပြားလေးထဲထည့် ရှောက်ရွက်နဲ့၊ နံနံပင်ကို တို့ဟူးသုပ်အပေါ်မှဖြူး၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 14:39
Rate this item
(1 Vote)