Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြော်စား၊ ချက်စား၊ သုပ်စားနိုင်တဲ့ ဆန်ပြားဖတ်ပြုလုပ်နည်း

Unicode


ကြော်စား၊ ချက်စား၊ သုပ်စားနိုင်တဲ့ ဆန်ပြားဖတ်ပြုလုပ်နည်း


ကြော်စား၊ ချက်စား၊ သုပ်စား၊ အရည်သောက်လေးတွေ ပြင်ဆင်ပြီး စားနိုင်တဲ့ ဆန်ပြားဖတ် ပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ထိုင်းဆန်မှုန့်၊ ထိုင်းပီလောပီနံမှုန့်၊ ဆား၊ ဆီ တို့လိုအပ်ပါမယ်။  


ပထမဦးဆုံး ဇလုံတစ်လုံးထဲသို့ ဆန်မှုန့်၊ ပီလောပီနံမှုန့်၊ ဆားတို့ကို အရင်ဆုံး သမအောင် မွှေပေးပါ။

 

Confectionary (46)မုုန္႔မ်ိဳးစံုလုပ္ငန္းမ်ား (၄၆) ခုကိုရွာရန္ႏွိပ္ပါ။


အားလုံးသမသွားတာနဲ့ ရေထည့်၊ အမှုန့်များ ကျေသွားအောင် မွှေပေးပါ။    


အားလုံးအဆင်သင့်ဖြစ်တာနဲ့ မီးဖိုပေါ်မှာ ပေါင်းခံအိုး အောက်ခံအိုးအဖြစ်အသုံးပြုမည့် ဒယ်အိုးထဲမှာ ရေထည့်ပြီး ဆူအောင်တည်ပေးပါ။


ပြီးတာနဲ့ မုန့်နှစ်ကိုယောက်ချိုဇွန်းဖြင့် သမအောင်မွှေကာ ခပ်ပြီး မိမိအသုံးပြုမည့် ဗန်းထဲကို ထည့်ပေးပါ။


ပြီးနောက် မုန့်နှစ်ရည် ထည့်ပြီးတာနဲ့ ပြန့်သွားအောင် ဖြန့်ပေးပြီးမှ ပေါင်းအိုးအောက်ခံ ခုံလေးပေါ်တင်ပေးကာ အဖုံးအုပ်ပေးပါ။


ပေါင်းချိန် ၅မိနစ်ခန့် ထားပါ။ ပြီးတာနဲ့ အိုးထဲမှ ပန်းကန်ပြားကိုယူကာ ယောင်းမလေးဖြင့် အနားသားလေးကို စတင်ပြီး ခွာပေးပါ။


အနားသားလေး ကွာလာတာနဲ့ တစ်ချပ်လုံးကို ကွာသွားအောင် ခွာရင်း အလိပ်လေးရအောင် လိပ်ပါ။


အလိပ်လေး ရလာတာနဲ့ အဆင်သင့် ပြင်ထားသော ဗန်းပေါ်တင်ပေးပါ။


ဆန်ပြားဖတ်လုပ်ပြီး တင်ရန်အတွက် ပန်းကန်ပြားကို ဆီသုတ်ပေးထားပါ။


နောက်တစ်ခါ မုန့်နှစ်ရည် ပြန်မထည့်ခင် ပန်းကန်ပြားကို ဆီသုတ်ပြီးမှ မုန့်နှစ်ရည်ထပ်ထည့်ပြီး ပေါင်းပေးပါ။


ထိုနည်းအတိုင်း မုန့်နှစ်ရည် ကုန်တဲ့အထိ ဆီသုတ်လိုက် မုန့်နှစ်ရည်ထည့်လိုက် မုန့်နှစ်ရည် ကုန်တဲ့အထိ ပေါင်းပေးပါ။

 

Read More >>>>>မြန်မာနိုင်ငံမှပြည်ပသို့ ပို့ကုန်တင်ပို့မှုမှာ နှစ်စဉ် ၁၀% မှ ၂၀% ကြား တိုးတက်နေ


မုန့်နှစ်ရည် ပေါင်းနေစဉ် အောက်ခံအိုးမှာ ရေခမ်းတတ်တဲ့အတွက် သတိထားပြီး ရေထပ် ထည့်ပေးပါ။


မုန့်နှစ်ရည် အားလုံးကုန်အောင် လုပ်ပြီးတာနဲ့ ပေါင်းထားသော ဆန်ပြားဖတ်များ ရအောင် ဓားကိုဆီသုပ်ပြီး မိမိနှစ်သက်သလို အနေအထားလေးတွေ လှီးပေးပါ။


အားလုံးလှီးပြီးတာနဲ့ လှီးထားတာလေးတွေကို လက်မှာဆီသုတ်ပြီး ဖွပေးပြီးရင်တော့ ဆန်ပြားဖတ်လေးတွေ ရပါပြီ။


#MFID

 

 

ေၾကာ္စား၊ ခ်က္စား၊ သုပ္စားႏိုင္တဲ့ ဆန္ျပားဖတ္ျပဳလုပ္နည္း

 

ေၾကာ္စား၊ ခ်က္စား၊ သုပ္စား၊ အရည္ေသာက္ေလးေတြ ျပင္ဆင္ျပီး စားႏိုင္တဲ့ ဆန္ျပားဖတ္ ျပဳလုပ္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါ၀င္ပစၥည္းမ်ားကေတာ့ ထိုင္းဆန္မႈန္႕၊ ထိုင္းပီေလာပီနံမႈန္႕၊ ဆား၊ ဆီ တို႕လုိအပ္ပါမယ္။  

 

ပထမဦးဆံုး ဇလံုတစ္လံုးထဲသို႕ ဆန္မႈန္႔၊ ပီေလာပီနံမႈန္႕၊ ဆားတို႔ကို အရင္ဆံုး သမေအာင္ ေမႊေပးပါ။

 

Read More >>>>>  ျမန္မာႏိုင္ငံမွျပည္ပသို႔ ပို႔ကုန္တင္ပို႔မႈမွာ ႏွစ္စဥ္ ၁၀% မွ ၂၀% ၾကား တိုးတက္ေန

 

အားလံုးသမသြားတာနဲ႔ ေရထည္႔၊ အမႈန္႕မ်ား ေက်သြားေအာင္ ေမႊေပးပါ။    

 

အားလံုးအဆင္သင္႔ျဖစ္တာနဲ႔ မီးဖိုေပၚမွာ ေပါင္းခံအိုး ေအာက္ခံအိုးအျဖစ္အသံုးျပဳမည္႔ ဒယ္အိုးထဲမွာ ေရထည္႔ျပီး ဆူေအာင္တည္ေပးပါ။

 

ၿပီးတာနဲ႔ မုန္႔ႏွစ္ကိုေယာက္ခ်ဳိဇြန္းျဖင္႔ သမေအာင္ေမႊကာ ခပ္ျပီး မိမိအသံုးျပဳမည္႔ ဗန္းထဲကို ထည္႔ေပးပါ။

 

ၿပီးေနာက္ မုန္႔ႏွစ္ရည္ ထည္႔ျပီးတာနဲ႔ ျပန္႔သြားေအာင္ ျဖန္႔ေပးျပီးမွ ေပါင္းအိုးေအာက္ခံ ခံုေလးေပၚတင္ေပးကာ အဖံုးအုပ္ေပးပါ။

 

ေပါင္းခ်ိန္ ၅မိနစ္ခန္႔ ထားပါ။ ျပီးတာနဲ႔ အိုးထဲမွ ပန္းကန္ျပားကိုယူကာ ေယာင္းမေလးျဖင္႔ အနားသားေလးကို စတင္ျပီး ခြာေပးပါ။

 

အနားသားေလး ကြာလာတာနဲ႔ တစ္ခ်ပ္လံုးကို ကြာသြားေအာင္ ခြာရင္း အလိပ္ေလးရေအာင္ လိပ္ပါ။

 

Confectionary (46)မုုန္႔မ်ိဳးစံုလုပ္ငန္းမ်ား (၄၆) ခုကိုရွာရန္ႏွိပ္ပါ။

 

အလိပ္ေလး ရလာတာနဲ႔ အဆင္သင္႔ ျပင္ထားေသာ ဗန္းေပၚတင္ေပးပါ။

 

ဆန္ျပားဖတ္လုပ္ျပီး တင္ရန္အတြက္ ပန္းကန္ျပားကို ဆီသုတ္ေပးထားပါ။

 

ေနာက္တစ္ခါ မုန္႔ႏွစ္ရည္ ျပန္မထည္႔ခင္ ပန္းကန္ျပားကို ဆီသုတ္ျပီးမွ မုန္႔ႏွစ္ရည္ထပ္ထည္႔ျပီး ေပါင္းေပးပါ။

 

ထိုနည္းအတိုင္း မုန္႔ႏွစ္ရည္ ကုန္တဲ႔အထိ ဆီသုတ္လိုက္ မုန္႔ႏွစ္ရည္ထည္႔လိုက္ မုန္႔ႏွစ္ရည္ ကုန္တဲ႔အထိ ေပါင္းေပးပါ။

 

မုန္႔ႏွစ္ရည္ ေပါင္းေနစဥ္ ေအာက္ခံအိုးမွာ ေရခမ္းတတ္တဲ႔အတြက္ သတိထားျပီး ေရထပ္ ထည္႔ေပးပါ။

 

မုန္႔ႏွစ္ရည္ အားလံုးကုန္ေအာင္ လုပ္ျပီးတာနဲ႔ ေပါင္းထားေသာ ဆန္ျပားဖတ္မ်ား ရေအာင္ ဓားကိုဆီသုပ္ျပီး မိမိႏွစ္သက္သလို အေနအထားေလးေတြ လွီးေပးပါ။

 

အားလံုးလွီးျပီးတာနဲ႔ လွီးထားတာေလးေတြကို လက္မွာဆီသုတ္ျပီး ဖြေပးျပီးရင္ေတာ့ ဆန္ျပားဖတ္ေလးေတြ ရပါၿပီ။

 

#MFID

Read times Last modified on Saturday, 22 February 2020 09:31
Rate this item
(0 votes)