Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲသီးသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သက်သတ်လွတ်သမားအတွက်

အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ပဲသီးသုပ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပဲတောင့်ရှည်သီး၊ ကြက်သွန်နီ၊ မြေပဲလှော်၊ နှမ်းလှော်၊ ဆား၊ ဆီ၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

ပဲတောင့်ရှည်သီးကို ရေနွေးဆူဆူထဲမှာ ထည့်ပြုတ်ပါ။ အစိမ်းရောင်မပြောင်းခင် ဆယ်ယူပြီး ရေအေးလောင်းပါ။ ပြီးလျှင်တော့ ရေအေးပြန်စိမ်ပေးထားပါ။

 

ပြီးနောက် ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီအနည်းငယ်မှာ နနွင်းမှုန့်ထည့်၍ ဆီချက် ချက်ပေးပါ။

 

မြေပဲလှော်ကို အခွံချွတ်ပြီး ညက်အောင်ထောင်းထားပေးပါ။

 

ရေအေးစိမ်ထာတဲ့ပဲသီးပြုတ်ကိုရေစင်အောင်ညှစ်ချပြီးပါးပါးလှီးပါ။

 

ပြီးလျှင် ဇလုံတစ်ခုထဲမှာ ပဲသီးပြုတ်၊ ကြက်သွန်နီဆီချက်၊ မြေပဲထောင်းထည့်ကာ ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့် အရသာဖြည့်ကာ ခပ်ဖွဖွလေးနယ်ပေးပါ။

 

ပြီးနောက် ကြက်သွန်နီအကြွပ်ကြော်နှင့် နှမ်းလှော်လေးကို အပေါ်ယံဖြူးပြီးလျှင်တော့ အရသာရှိတဲ့ သက်သတ်လွတ်ပဲသီးသုပ်ကို ထမင်းပူပူလေးနှင့် အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 14:36
Rate this item
(1 Vote)