Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သက်သတ်လွတ်သမားများအတွက် ငှက်ပျောဖူးဟင်းချို

Unicode

သက်သတ်လွတ်သမားများအတွက်  ငှက်ပျောဖူးဟင်းချို


ငှက်ပျောဖူးကို မြန်မာလူမျိုးများ ဒေသအလိုက် ပုံစံအမျိုးမျိုးလုပ်စားကြလေ့ရှိကြပါတယ်။


ယခု သက်သတ်လွတ်သမားများအတွက် ရှမ်းဒေသ ငှက်ပျောဖူးဟင်းချိုချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။


လိုအပ်သည့်အမယ်များကတော့ ငှက်ပျောဖူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲပုပ်၊ ဆား၊ သံပရာသီး တို့ လိုအပ်ပါတယ်။


Fruit Sellers (66) သစ်သီးရောင်းဝယ်သူများ (၆၆) ခုကိုရှာရန်နှိပ်ပါ။


ပထမဦးဆုံး ငှက်ပျောဖူးကို ဟင်းချက်ရန် ပြင်ဆင်ပါက မမည်းအောင် အရင်ပြုလုပ်ရမှာဖြစ်ပါတယ်။ ဇလုံတစ်ခုထဲသို့ ရေထည့်ပြီး ဆားထည့် သံပရာသီးညှစ်ထည့်ထားပါ။


ငှက်ပျောဖူးအပြင်ဘက်မှ အခွံရင့်များကို ဖယ်ထုတ်ပြီး အတွင်းဘက်နုသည့်အပိုင်းကို ပါးပါးလှီးပြီး အပေါ်က သံပရာသီးညှစ်ထားသော ရေဇလုံထဲသို့ မိနစ်အနည်းငယ်စိမ်ထားပါ။


ဟင်းရည်ချက်မည့်အိုးထဲသို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီးကို လှီးပြီး ထည့်ရပါမယ်။ ပဲပုပ်ကို မီးကင်ပြီး ထောင်းထည့်နိုင်ပါတယ်။


Read More >>>>>  COOK ပဲပိစပျဆီ၊ နကွောဆီနှင့ျ ကနျနိုလာဆီ


ပြီးလျှင် ရေအတော်အသင့်ထည့်၍ ဆားထည့်ကာ မီးဖိုပေါ်တွင် ဆူပွက်အောင်တည်ထားပါ။ ဆူပွက်ပါက ရေစိမ်ထားတဲ့ ငှက်ပျောဖူးကို ရေအနည်းငယ်ညှစ်ကာ ဟင်းချိုအိုးတွင် ထည့်ပြီး တည်ပေးရပါမယ်။


ငှက်ပျောဖူးနူးအိလာပါက အရည်အပျစ်အကြဲ အပေါ့အငန်မြည်းကာ ကြိုက်နှစ်သက်ရာဟင်းတစ်မျိုးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါပြီ။


#Myanmar Food Industry Directory

 

 

သက္သတ္လြတ္သမားမ်ားအတြက္  ငွက္ေပ်ာဖူးဟင္းခ်ဳိ


ငွက္ေပ်ာဖူးကို ျမန္မာလူမ်ဳိးမ်ား ေဒသအလိုက္ ပံုစံအမ်ဳိးမ်ဳိးလုပ္စားၾကေလ့ရွိၾကပါတယ္။

 

ယခု သက္သတ္လြတ္သမားမ်ားအတြက္ ရွမ္းေဒသ ငွက္ေပ်ာဖူးဟင္းခ်ဳိခ်က္နည္းေလးကို တင္ျပေပးလိုက္ပါတယ္။

 

လိုအပ္သည့္အမယ္မ်ားကေတာ့ ငွက္ေပ်ာဖူး၊ ခရမ္းခ်ဥ္သီး၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ပဲပုပ္၊ ဆား၊ သံပရာသီး တို႔ လိုအပ္ပါတယ္။

 

Fruit Sellers (66) သစ္သီးေရာင္းဝယ္သူမ်ား (၆၆) ခုကိုရွာရန္ႏွိပ္ပါ။

 

ပထမဦးဆံုး ငွက္ေပ်ာဖူးကို ဟင္းခ်က္ရန္ ျပင္ဆင္ပါက မမည္းေအာင္ အရင္ျပဳလုပ္ရမွာျဖစ္ပါတယ္။ ဇလံုတစ္ခုထဲသို႔ ေရထည့္ၿပီး ဆားထည့္ သံပရာသီးညွစ္ထည့္ထားပါ။

 

ငွက္ေပ်ာဖူးအျပင္ဘက္မွ အခြံရင့္မ်ားကို ဖယ္ထုတ္ၿပီး အတြင္းဘက္ႏုသည့္အပိုင္းကို ပါးပါးလွီးၿပီး အေပၚက သံပရာသီးညွစ္ထားေသာ ေရဇလံုထဲသို႔ မိနစ္အနည္းငယ္စိမ္ထားပါ။

 

ဟင္းရည္ခ်က္မည့္အိုးထဲသို႔ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴႏွင့္ ခရမ္းခ်ဥ္သီးကို လွီးၿပီး ထည့္ရပါမယ္။ ပဲပုပ္ကို မီးကင္ၿပီး ေထာင္းထည့္ႏိုင္ပါတယ္။

 

Read More >>>>>  COOK ပဲပိစပ်ဆီ၊ နေကြာဆီနှင့် ကန်နိုလာဆီ

 

ၿပီးလွ်င္ ေရအေတာ္အသင့္ထည့္၍ ဆားထည့္ကာ မီးဖိုေပၚတြင္ ဆူပြက္ေအာင္တည္ထားပါ။ ဆူပြက္ပါက ေရစိမ္ထားတဲ့ ငွက္ေပ်ာဖူးကို ေရအနည္းငယ္ညွစ္ကာ ဟင္းခ်ဳိအိုးတြင္ ထည့္ၿပီး တည္ေပးရပါမယ္။

 

ငွက္ေပ်ာဖူးႏူးအိလာပါက အရည္အပ်စ္အႀကဲ အေပါ့အငန္ျမည္းကာ ႀကိဳက္ႏွစ္သက္ရာဟင္းတစ္မ်ဳိးႏွင့္ တြဲဖက္၍ သံုးေဆာင္ႏိုင္ပါၿပီ။


#Myanmar Food Industry Directory

Read times Last modified on Friday, 28 February 2020 10:18
Rate this item
(0 votes)