Myanmar
ကြက်ကြော်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကလေးများအကြိုက်တွေ့စေမည့်
လွယ်လင့်တကူချက်ပြုတ်နိုင်တဲ့ ကြက်ကြော် ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ချင်း၊ ဆား၊ ဆီ၊ ကြက်သားမှုန့်တို့လိုအပ်ပါမယ်။
ကြက်ကြော်ဖို့အတွက်ကို ဗမာကြက်အကောင်သေးမျိုးကို ရွေးဝယ်ပါ။ အရွယ်ကြီးတဲ့ ကြက်တွေက ရင့်ပြီး မာတတ်ပါလို့ဖြစ်ပါတယ်။
ကြက်သားကို အတုံးကလေးများဖြစ်အောင် ခုတ်ထစ်ပြီး ရေသန့်စင်အောင်ဆေးကြောထားပါ။
ပြီးလျှင် ချင်းကိုထောင်းပြီး အရည်ညှစ်ထည့်ကာ ဆား၊ ကြက်သားမှုန့်တို့နှင့် အရသာနယ်ပြီး နှပ်ထားပါ။ ပြီးနောက် နနွင်းမှုန့် ပါသည်ဆိုရုံထည့်လိုက်ပါ။
ကြော်တဲ့အချိန် အရောင်လှဖို့အတွက် သကြားပါသည်ဆိုရုံလေး ထည့်နယ်ပေးပါ။
အရင်ဆုံး ကြက်သားကို ရေမြုပ်သည်ဆိုရုံလေးထည့်ပြီး ရေခမ်းသည်အ ထိပြုတ်လိုက်ပါ။
ပြီးလျှင် ဒယ်အိုးတစ်လုံးမှာ ဆီထည့်၍ ဆီပူလာလျှင် ကြက်သားကို ရွှေဝါရောင်လေးရသည်အထိ ကြော်ပြီး ဆီစစ်ထားပါ။