Myanmar
စားလို့အရမ်းကောင်းတဲ့ ဝက်နံရိုးကြာစွယ်ဟင်း
Unicode
-----------------
စားလို့အရမ်းကောင်းတဲ့ ဝက်နံရိုးကြာစွယ်ဟင်း
စားလို့အရမ်းကောင်းပြီး ဆိုင်တွင်လည်း ဝယ်စားစရာမလိုဘဲ အိမ်တွင်လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ကိုရီးယားစတိုင် ဝက်နံရိုးကြာစွာဟင်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဝက်နံရိုး၊ အကြော်မှုန့်၊ ကြာစွယ်၊ ကိုရီးယားပဲငပိ၊ ကိုရီးယားငရုတ်သီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ ချင်း၊ ဆီ တို့ လိုအပ်ပါမယ်။
Soft Drink & Juice အအေးနှင့်ဖျော်ရည်လုပ်ငန်းများ (၉၂၈) ခုကိုရှာရန်နှိပ်ပါ။
ပထမဦးဆုံး ဝက်နံရိုးလေးများကို ဆား၊ ကြက်သားမှုန့်၊ ချင်းထည့်ကာနူးအောင်ပြုတ်ပါ။
ပြီးနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို လှီးပြီး ဆီသတ်ထားပါ။
ပြီးလျှင် ကြက်သွန်လေးများရွှေဝါရောင်သန်းလာရင် ကိုရီးယား ပဲငပိ ၊ ကိုရီးယား ငရုတ်သီး ထည့်ပါ။ ဆား၊ ကြက်သားမှုန့်၊ ရေအနည်းငယ်ထည့်ပြီး အနှစ်ချက်ပါ။
ပြီးနောက် အနှစ်ရရင် ကြာစွယ်၊ ကြက်သွန်မြိတ် လေးများထည့်ကာ ရေစပ်စပ်ထည့်ပြီး သုံးမိနစ်ခန့်ခဏ အဖုံးအုပ်ထားပါ။
Read More >>>>> အိမ်မှာ ကိုယ်တိုင် အီကြာကွေးပြုလုပ်နည်း
ပြီးတဲ့အခါ ဟင်းအနှစ်များကို ပန်းကန်ထဲ ဖြန့်ခင်းထားသော ဝက်နံရိုးလေးများပေါ်သို့ လောင်းချလိုက်ပါ။
ပြီးရင်တော့ အရသာအလွန်ရှိပြီး စားလို့အရမ်းကောင်းတဲ့ ဝက်နံရိုးကြာစွယ်ဟင်းပူပူလေးကို ထမင်းပူပူလေးနဲ့ တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။
Myanmar Food Industry Directory
Zawgyi
---------------