Myanmar
ငါးဘတ်ငါးဆားနယ်အစပ်ချက်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ လေးလေးပင်ပင်လေးစားချင်သူများအတွက်
အိမ်တွင်ထမင်းမြိန်စေမည့် ငါးဘတ်ငါးဆယ်နယ်အစပ်ချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငါးဘတ်ငါးဆားနယ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ငါးဘတ်ငါးဆားနယ်ကို ဆားရေနှင့် မိနစ်အနည်းငယ် ရေစိမ်ပေးပါ။ ပြီးလျှင် ငါးဘတ်ကိုရေဆေးသန့်စင်ပြီး
အပိုင်းလေးများဖြစ်အောင် တုံးထားပါ။
၎င်းနောက် ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူကို ညက်အောင်
ထောင်းထားပါ။
ပြီးနောက် မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီ၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်နှင့် ပါဝင်ပစ္စည်းအားလုံး ရောထည့်ပြီး အဖုံးပိတ်၍ ချက်ပါ။
ရေခမ်းပြီးအနှစ်ကျလာလျှင် အဖုံးဖွင့်ပြီး ဖြည်းညင်းစွာ မွှေပေးပါ။
ပြီးလျှင် ရေဆေးထားတဲ့ ငါးဆားနယ်တွေထည့်ပါ။ ရေအနည်းငယ် ထပ်ထည့်ထားပါ။
နောက်တစ်ကြိမ်ရေခမ်းသည်အထိ ချက်ပေးပြီး ပင်စိမ်းရွက်ကို များများလေးအုပ်ထားပေးပါ။
ပြီးလျှင်တော့ အစပ်အရသာမွှေးမွှေးလေးနှင့် စားချင့်စားဖွယ် ငါးဘတ်ငါးဆားနယ်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။