Myanmar



မန္တလေး ငရုတ်သီးစို၊ ပန်းမုံလာ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ဈေးနှုန်းအခြေအနေ

မန္တလေး ငရုတ်သီးစို၊ ပန်းမုံလာ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ဈေးနှုန်းအခြေအနေ

TO GET INSTANT UPDATE 

Join Telegram Channel

https://t.me/Guid4U

 

မန္တလေးကိုင်းတန်းဈေးတွင် ငရုတ်စို (ရှည်)များ ရွှေဘို၊ မုံရွာ၊ ချောင်းဉီးတို့မှ ဝင်ရောက်မှုများခြင်း၊ မြို့တွင်းသုံး လုပ်ငန်းသမား အဝယ်သာရှိခြင်းကြောင့် တစ်ပိဿာ ၁,၈၀၀ ကျပ် ၁,၇၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ 

 

ငရုတ်စို(လတ်) မှာမုံရွာ၊ ချောင်းဦးမှ အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၃,၂၀၀ ကျပ်၊ ပုလိပ်၊ မြစ်သား၊ ကျောက်ဆည်မှ ငရုတ်ပွ ၁ပိဿာ ၂,၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ဗန်မော်၊ ကွတ်ခိုင် ၅ ရက်တစ်ဈေးနှင့် လွိုင်ကော်သို့တင်ပို့မှု အနည်းငယ်ရှိသည်။

 

မန္တလေးဝန်းကျင်၊ မြစ်ငယ်၊ မုံရွာတို့မှ ပန်းမုံလာတစ်ပွင့် ၆၀၀ကျပ် ပြင်ဦးလွင်မှ ဂေါ်ဖီတထုပ် ၈၀၀ကျပ်၊ မုံလာဥနီ တစ်ပိဿာ ၁,၂၀၀ ကျပ်ဖြင့် စားသောက်ဆိုင်နှင့် မြို့တွင်းသုံးဝယ်ယူမှု ပုံမှန်ရှိနေသည်။  ပြင်ဦးလွင်မျိုးဝယ်ယူ၍ မြင်းမူ၊ မကျည်းကန်၊ ညောင်ပင်ဝန်းတို့မှ စိုက်ပျိုးထွက်ရှိသော ဘိုစားပဲသီး အဝင်နည်း ပစ္စည်းရှားသဖြင့်  တစ်ပိဿာ ၂,၈၀၀ကျပ်ထိဈေးမြင့်နေသည်။

 

lat war

Click Here >>> Lat War (TSM)

သစ်သီးဝလံဈေးနှုန်းအနေဖြင့် ထောပတ်သီးများ အဝင်နည်းခြင်းကြောင့် အရည်အသွေးကောင်းပါက ၁၀၀လုံးပါ ပိုက်အိတ်တစ်လုံးလျှင် ၃၅,၀၀၀ ကျပ်၊ စတော်ဘယ်ရီ ၅ ပိဿာ တစ်ခြင်း ၅၅,၀၀၀ ကျပ်၊ ရမည်းသင်း စပျစ်သီး တစ်ပိဿာ ၄,၀၀၀ ကျပ်၊ အလုံးကြီးတစ်ပိဿာ ၄,၃၀၀ ကျပ်ရှိပြီး တရုတ်စပျစ်သီး အလုံးကြီးများ ယခုအပတ်ဝင် ရောက်မှုမရှိပါ။ ဆားတောင်မှ သင်္ဘောသီးများ အဝင်နည်းခြင်းကြောင့် တစ်လုံး ၁,၀၀၀ ကျပ်မှ ၁,၈၀၀ ကျပ်ထိ ဈေးမြင့်နေသည်။ 

 

သခွားမွှေး၊ ရွှေသခွားများမှာ ဈေးကွက်အတွင်း အဝင်နည်းပြီး မူဆယ်မှ အဝယ်များ စိုက်ခင်းတွင်းဆင်းဝယ်ယူ မှုရှိကြောင်း သိရသည်။ သီပေါမှ နာနတ်သီး အချဉ်မျိုးများအဝင်များပြီး အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် ၃၀၀ ကျပ်မှ ၇၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

 

Source: MOALI

Myanmar Food Industry Guide

 

Read times
Rate this item
(0 votes)