Myanmar
ငါးပိငရုတ်သီးစိမ်းကြော်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အစပ်ကြိုက်နှစ်သက်ပြီး နေမကောင်းလို့ ခံတွင်းမတွေ့ဘဲ ဟင်းတွေချည်းပဲမစားချင်သူများအတွက်
ခံတွင်းလိုက်စေမည့် ငါးပိငရုတ်သီးစိမ်းကြော်လေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငါးပိ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ပုစွန်ခြောက်မှုန့်၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ငရုတ်သီးစိမ်းကို ရေဆေးပြီး လှီးဖြတ်ထားပါ။
ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်ပြီ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ဆီသတ်ထားပါ။ အညိုရောင်သန်းလာရင် ငါးပိထည့်လိုက်ပါ။
ငါးပိ ခပ်ခြောက်ခြောက်ဖြစ်လာရင် ငရုတ်သီးလှီးဖြတ်ပြီးသားတွေ ထည့်လိုက်ပါ။ ပြီးနောက် ပုစွန်ခြောက်မှုန့်ကို ထည့်လိုက်ပါ။ ပြီးလျှင် အရသာကို မြည်းကြည့်ပါ။
အနံ့မွှေးပြီး ငရုတ်သီးခြောက်လာလျှင်တော့ ခံတွင်းမြိန်စေမည့် ငါးပိငရုတ်သီးစိမ်းကြော်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။