Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပိတ်ရက်မှာ ပြောင်းဖူးထမင်းသုပ်လေးလုပ်စားကြမယ်

Unicode


ပိတ်ရက်မှာ ပြောင်းဖူးထမင်းသုပ်လေးလုပ်စားကြမယ်


ပြောင်းဖူးကို ပြောင်းဖူးထောင်း၊ ပြောင်းဖူးပြုတ်၊ လက်ဖက်နဲ့တွဲပြီးစားကြတာများပါတယ်။ ယခုတော့ ပြောင်းဖူးနဲ့ ထမင်းသုပ်လေးကို အရသာရှိစွာ သုံးဆောင်ဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပြောင်းဖူးထမင်းသုပ်လုပ်ဖို့အတွက် ထမင်း၊ ပြောင်းဖူးပြုတ်၊ ကြက်သွန်နီ၊ မြေပဲ၊ ခရမ်းချဉ်သီး၊ ဆား၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူဆီချက်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ငံပြာရည်၊ ပဲအကျက်မှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပရာရည် (သို့) မန်ကျည်းရည်တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ပြောင်းဖူးပြုတ်ကို ချွေထားပါ။


ပြီးနောက် ကြက်သွန်နီကို ပါးပါးလှီးထားပါ။

 

Read More >>>>>   မုန္႕ဟင္းခါးၿပိဳင္ခ်က္ၾကမလား

 

 
ခရမ်းချဉ်သီးကိုလည်း လှီးဖြတ်ထားပါ။


နံနံပင်ကိုလည်း ရေဆေးပြီး လှီးဖြတ်ထားပါ။


ပြီးလျှင် ထမင်း၊ ပြောင်းဖူး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ငရုတ်သီးစိမ်းနှင့် ပဲအကျက်မှုန့် တို့ ဖြင့် ပေါင်း၍ ရောနယ်ပေးပါ။


နယ်ပြီးရင်တော့ ထမင်းပန်းကန်ပြားထဲထည့် မြေပဲနှင့် နံနံပင်လေးကို အပေါ်ကနေဖြူးပြီး အရသာရှိလှတဲ့ ပြောင်းဖူးထမင်းသုပ်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 
သက်သတ်လွတ်သမားအတွက်ကတော့ ပုစွန်ခြောက်မှုန့်နှင့် ငံပြာရည်ကို မထည့်ဘဲနဲ့လည်း အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 
Myanmar Food Industry Directory

 

 

ပိတ္ရက္မွာ ေျပာင္းဖူးထမင္းသုပ္ေလးလုပ္စားၾကမယ္

 

ေျပာင္းဖူးကို ေျပာင္းဖူးေထာင္း၊ ေျပာင္းဖူးျပဳတ္၊ လက္ဖက္နဲ႕တြဲၿပီးစားၾကတာမ်ားပါတယ္။ ယခုေတာ့ ေျပာင္းဖူးနဲ႕ ထမင္းသုပ္ေလးကို အရသာရွိစြာ သံုးေဆာင္ဖုိ႕အတြက္ ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ေျပာင္းဖူးထမင္းသုပ္လုပ္ဖုိ႕အတြက္ ထမင္း၊ ေျပာင္းဖူးျပဳတ္၊ ၾကက္သြႏ္နီ၊ ေျမပဲ၊ ခရမ္းခ်ဥ္သီး၊ ဆား၊ ဟင္းခတ္မႈန္႕၊ ၾကက္သြန္ျဖဴဆီခ်က္၊ ပုစြန္ေျခာက္မႈန္႕၊ င႐ုတ္သီးအက်က္မႈန္႕၊ ငံျပာရည္၊ ပဲအက်က္မႈန္႕၊ င႐ုတ္သီးစိမ္း၊ နံနံပင္၊ သံပရာရည္ (သုိ႕) မန္က်ည္းရည္တို႕ လိုအပ္ပါမယ္။


ပထမဦးဆံုး ေျပာင္းဖူးျပဳတ္ကို ေခြ်ထားပါ။


ၿပီးေနာက္ ၾကက္သြန္နီကုိ ပါးပါးလွီးထားပါ။

 

Read More >>>>>   မုန္႕ဟင္းခါးၿပိဳင္ခ်က္ၾကမလား

 
ခရမ္းခ်ဥ္သီးကိုလည္း လွီးျဖတ္ထားပါ။


နံနံပင္ကိုလည္း ေရေဆးၿပီး လွီးျဖတ္ထားပါ။


ၿပီးလွ်င္ ထမင္း၊ ေျပာင္းဖူး၊ ၾကက္သြန္နီ၊ ခရမ္းခ်ဥ္သီး၊ နံနံပင္၊ င႐ုတ္သီးစိမ္း၊ ဆား၊ ဟင္းခတ္မႈန္႕၊ ငံျပာရည္၊ ၾကက္သြန္ျဖဴဆီခ်က္၊ ပုစြန္ေျခာက္မႈန္႕၊ င႐ုတ္သီးအက်က္မႈန္႕၊ င႐ုတ္သီးစိမ္းႏွင့္ ပဲအက်က္မႈန္႕ တို႕ ျဖင့္ ေပါင္း၍ ေရာနယ္ေပးပါ။


နယ္ၿပီးရင္ေတာ့ ထမင္းပန္းကန္ျပားထဲထည့္ ေျမပဲႏွင့္ နံနံပင္ေလးကို အေပၚကေနျဖဴးၿပီး အရသာရွိလွတဲ့ ေျပာင္းဖူးထမင္းသုပ္ေလးကို ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါတယ္။

 
သက္သတ္လြတ္သမားအတြက္ကေတာ့ ပုစြန္ေျခာက္မႈန္႕ႏွင့္ ငံျပာရည္ကို မထည့္ဘဲနဲ႕လည္း အရသာရွိစြာ သံုးေဆာင္ႏိုင္ပါတယ္။

 
Myanmar Food Industry Directory

Read times Last modified on Tuesday, 04 February 2020 13:55
Rate this item
(1 Vote)