Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ခံအားအကြောင်းနှင့် စားနပ်ရိက္ခာ ကူညီဖြန့်ဖြူးမှု အစီအစဉ်နှင့်စပ်လျဉ်း၍ သတင်းစကားပါးရေးသား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ခံအားအကြောင်းနှင့် စားနပ်ရိက္ခာ ကူညီဖြန့်ဖြူးမှုအစီအစဉ်နှင့် စပ်လျဉ်း၍ ယနေ့တွင် ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာ၌ အောက်ပါအတိုင်း သတင်းစကားပါး ရေးသားထားသည် -

 

“ကိုယ်ခံအား” ဆိုတဲ့ စာသားလေး ခုတလော ခဏခဏ ခေါင်းထဲရောက်လာပါတယ်။ COVID-19 ကြောင့် ကျွန်မတို့ ပြည်သူ (၃)ဦး ဆုံးပါးသွားရရှာပါပြီ။ ကွယ်လွန်သွားသူ (၃)ဦးလုံး ရောဂါအခံတွေ ရှိကြပါတယ်။ ဒါ့ကြောင့် COVID ကို တွန်းလှန်ဖို့ အားနည်းသွားပါတယ်။ ကိုယ်ခံအားနည်း တယ်ဆိုတဲ့ သဘောပါ။ ရောဂါအခံရှိသူတွေ၊ သက်ကြီး ရွယ်အိုတွေ ကိုယ်ခံအားနည်းတယ်လို့ သိနေကြမယ်လို့ ထင်ပါတယ်။

 

အနေအထိုင်၊ အစားအသောက် မဆင်ခြင်ရင်လည်း ကိုယ်ခံအား ကျနိုင်တယ်ဆိုတာ မမေ့ကြပါနဲ့။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ပြည်သူတစ်ဦးချင်းဟာ နိုင်ငံအတွက် တန်ဖိုးရှိပါတယ်။ပြည်သူတွေရဲ့ စုပေါင်း အင်အားက နိုင်ငံရဲ့ ကိုယ်ခံစွမ်းအားပါဘဲ။

 

မနက်ဖြန် ကျွန်မတို့နိုင်ငံတဝှန်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်း စားပြည်သူတွေအတွက် စားနပ် ရိက္ခာ ကူညီဖြန့်ဖြူးတဲ့ အစီစဉ်စပါမယ်။ တစ်ခါမျှ မလုပ်ဖူးတဲ့ စီမံကိန်းကြီးမျိုးပါ။

 

သံမဏိ ချိန်းကြိုး တစ်ကြိုးရဲ့ အင်အားဟာ ကြိုးရဲ့အပျော့ဆုံးကွင်းရဲ့ အားလောက်သာ ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ ကိုယ်ခံစွမ်းအားရဲ့ အတိုင်းအတာကို၊ အားအနည်းဆုံး ပြည်သူတွေကို စောင့်ရှောက်နိုင်တဲ့ အတိုင်းအတာက ပြပါတယ်။

 

ရိက္ခာဖြန့်ဖြူးရေး အစီအစဉ် အောင်မြင်ဖို့ ဝိုင်းဝန်းကူညီပေးကြပါ။စေတနာဟာ ဝေဒနာ မဖြစ်ရအောင်၊ စည်းစနစ်နဲ့ လောဘ ဒေါသတွေကို ဟန့်တားပေးကြပါ။ လိုအပ်နေသူ မည်သူကိုမျှ မချန်ထားပါဘူး။

 

စောင့်ရတာလေးတွေရှိရင်သည်းခံ စိတ်ရှည်ပေးကြပါ။ကျွန်မတို့ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကို အားလုံးအတူ နိုင်ငံရဲ့ကိုယ်ခံအားမွေးပြီး ကျော်လွှားကြရအောင်။ ဒီ messageကို အကြွားလေးနဲ့ အဆုံးသတ်ပါရစေ။ ကျွန်မ mask ချုပ်လို့ ပြီးပါပြီ။ အောက်မှာကြည့်ပါ။

 

 

Image may contain: 1 person, sitting and indoor

 

Image may contain: one or more people, people sitting and indoor

 

COVID 19

 

<<< Unicode >>>

 

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကိုယ္ခံအားအေၾကာင္းႏွင့္ စားနပ္ရိကၡာ ကူညီျဖန႔္ျဖဴးမႈ အစီအစဥ္ႏွင့္စပ္လ်ဥ္း၍ သတင္းစကားပါးေရးသား

----------------------

 

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကိုယ္ခံအားအေၾကာင္းႏွင့္ စားနပ္ရိကၡာ ကူညီျဖန႔္ျဖဴးမႈအစီအစဥ္ႏွင့္ စပ္လ်ဥ္း၍ ယေန႔တြင္ ၎၏ေဖ့စ္ဘြတ္စာမ်က္ႏွာ၌ ေအာက္ပါအတိုင္း သတင္းစကားပါး ေရးသားထားသည္ -

 

“ကိုယ္ခံအား” ဆိုတဲ့ စာသားေလး ခုတေလာ ခဏခဏ ေခါင္းထဲေရာက္လာပါတယ္။ COVID-19 ေၾကာင့္ ကြၽန္မတို႔ ျပည္သူ (၃)ဦး ဆုံးပါးသြားရရွာပါၿပီ။ ကြယ္လြန္သြားသူ (၃)ဦးလုံး ေရာဂါအခံေတြ ရွိၾကပါတယ္။ ဒါ့ေၾကာင့္ COVID ကို တြန္းလွန္ဖို႔ အားနည္းသြားပါတယ္။ ကိုယ္ခံအားနည္း တယ္ဆိုတဲ့ သေဘာပါ။ ေရာဂါအခံရွိသူေတြ၊ သက္ႀကီး ႐ြယ္အိုေတြ ကိုယ္ခံအားနည္းတယ္လို႔ သိေနၾကမယ္လို႔ ထင္ပါတယ္။

 

အေနအထိုင္၊ အစားအေသာက္ မဆင္ျခင္ရင္လည္း ကိုယ္ခံအား က်ႏိုင္တယ္ဆိုတာ မေမ့ၾကပါနဲ႔။ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ပါ။ ျပည္သူတစ္ဦးခ်င္းဟာ ႏိုင္ငံအတြက္ တန္ဖိုးရွိပါတယ္။ ျပည္သူေတြရဲ႕ စုေပါင္း အင္အားက ႏိုင္ငံရဲ႕ ကိုယ္ခံစြမ္းအားပါဘဲ။

 

မနက္ျဖန္ ကြၽန္မတို႔ႏိုင္ငံတဝွန္း ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္း စားျပည္သူေတြအတြက္ စားနပ္ ရိကၡာ ကူညီျဖန႔္ျဖဴးတဲ့ အစီစဥ္စပါမယ္။ တစ္ခါမွ် မလုပ္ဖူးတဲ့ စီမံကိန္းႀကီးမ်ိဳးပါ။ သံမဏိ ခ်ိန္းႀကိဳး တစ္ႀကိဳးရဲ႕ အင္အားဟာ ႀကိဳးရဲ႕အေပ်ာ့ဆုံးကြင္းရဲ႕ အားေလာက္သာ ရွိတယ္လို႔ ဆိုပါတယ္။ ႏိုင္ငံ တစ္ႏိုင္ငံရဲ႕ ကိုယ္ခံစြမ္းအားရဲ႕ အတိုင္းအတာကို၊ အားအနည္းဆုံး ျပည္သူေတြကို ေစာင့္ေရွာက္ႏိုင္တဲ့ အတိုင္းအတာက ျပပါတယ္။

 

ရိကၡာျဖန႔္ျဖဴးေရး အစီအစဥ္ ေအာင္ျမင္ဖို႔ ဝိုင္းဝန္းကူညီေပးၾကပါ။ ေစတနာဟာ ေဝဒနာ မျဖစ္ရေအာင္၊ စည္းစနစ္နဲ႔ ေလာဘ ေဒါသေတြကို ဟန႔္တားေပးၾကပါ။ လိုအပ္ေနသူ မည္သူကိုမွ် မခ်န္ထားပါဘူး။ ေစာင့္ရတာေလးေတြရွိရင္သည္းခံ စိတ္ရွည္ေပးၾကပါ။

 

ကြၽန္မတို႔ ရင္ဆိုင္ရမဲ့ စိန္ေခၚမႈေတြကို အားလုံးအတူ ႏိုင္ငံရဲ႕ကိုယ္ခံအားေမြးၿပီး ေက်ာ္လႊားၾကရေအာင္။ဒီ messageကို အႂကြားေလးနဲ႔ အဆုံးသတ္ပါရေစ။ ကြၽန္မ mask ခ်ဳပ္လို႔ ၿပီးပါၿပီ။ ေအာက္မွာၾကည့္ပါ။

 

Image may contain: 1 person, sitting and indoor

 

Image may contain: one or more people, people sitting and indoor

 

ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြန်ကြားရေး ဝန်ကြီးဌာန မှ ကူးယူဖော်ပြပါသည် ......

 

Home Page Food

Read 1207 times
Rate this item
(0 votes)