Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အအေးပေး ကွန်တိန်နာ ပြတ်လပ်၍ ဘင်္ဂလားဒေ့ရှ် ပုစွန်တင်ပို့မှု နှောင့်နှေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်း ဆိပ်ကမ်းအာဏာပိုင်က သင်္ဘောကုန်စည်ကိုယ်စားလှယ်များကို အအေးပေး ကွန်တိန်နာများကို

ဆိပ်ကမ်းအပြင်သို့ ၄၈ နာရီအတွင်း ထုတ်ယူပြီး ကွန်တိန်နာအတွင်းမှ ကုန်စည်များ အပြင်ထုတ်ပြီး အအေးပေးကွန်တိန်နာများကို အမြန်ဆုံး ပြန်အပ်ကြရန် စေခိုင်းခဲ့ပါတယ်။
သင်္ဘောကုန်စည် ကိုယ်စားလှယ်များကို အေးခဲထား‌ေသာ စားသောက်ကုန်များနှင့် ပုစွန်များ ပြည်ပတင်ပို့ရန်အတွက် အအေးပေးကွန်တိန်နာများ အလုံအလောက်ရအောင် ဆောင်ရွက်ဖို့ကိုလည်း စစ်တကောင်း ဆိပ်ကမ်းအာဏာပိုင်က တိုက်တွန်းထားပါတယ်။
အေးခဲထားသော စားသောက်ကုန်များ တင်ပို့ဖြို အအေးပေးကွန်တိန်နာများ ပြတ်လပ်နေခြင်းက အဟန့်အတား ဖြစ်နေစေတယ်လို့ ဆိုပါတယ်။
ကုန်သွယ်ရေးနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာနက အေးခဲထားသော ငါးများပေးပို့ရန် အအေးပေးကွန်တိန်နာများ မရသည့်အတွက် စိုးရိမ်မကင်း ဖြစ‌်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

.အေးခဲထားသော ငါးများ ပုစွန်များဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖို့ အဓိကကျတဲ့ ပို့ကုန် စားသောက်ကုန်များ ဖြစ်ပြီး နိုင်ငံခြားငွေ ဝင်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။
အမေရိကန်၊ ဂျပန်၊ အီးယူတို့ထံ အဓိကအားဖြင့် တင်ပို့ပါတယ်။

ဆိပ်ကမ်းပြင်ပမှာ ရောက်ရှိနေတဲ့ ကွန်တိန်နာအလွတ်တွေကို အမြန်ဆုံးအပ်ဖို့ ဆိပ်ကမ်းအာဏာပိုင်က ညွှန်ကြားထားပါတယ်။ ကုန်တွင်း ကွန်တိန်နာဆိပ်ကမ်းမှာ ကွန်တိန်နာအလွတ် သိသိသာသာ ပိုများနေပြီး ဆိပ်ကမ်းမှ ထွက်ခွာတဲ့ ကွန်တိန်နာသင်္ဘောတွေ နေရာအလွတ်များဖြင့် ထွက်ခွာနေရတာကြောင့် ကွန်တိန်နားများ အမြန်ဆုံး ပြန်အပ်ဖို့ နှိုးဆော်တိုက်တွန်းနေတာ ဖြစ်ပါတယ်။
နှိုးဆော်စာ အကြိမ်ကြိမ် ပေးပို့သော်လည်း အရေးတယူဖြင့် လိုက်နာဖို့ ပျက်ကွက်နေကြတယ်လို့ ဆိပ်ကမ်းအာဏာပိုင်က ပြောကြားပါတယ်

container.news

Read times Last modified on Friday, 24 September 2021 15:25
Rate this item
(0 votes)