Myanmar
ကြက်သားကို တောင်ယာစတိုင် ချက်နည်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သူများနှင့်မတူ ဟင်းချက်နည်းတစ်မျိုးဖြစ်တဲ့
ကြက်သားကို တောင်ယာစတိုင် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ဗမာကြက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ စပါးလင်၊ ငရုတ်သီးခြောက်၊ စူကာညွန့်၊ ဖရုံညွန့်၊ မုန်ညှင်းစိမ်း၊ မှို၊ ပင်စိမ်း၊ ရှမ်းနံနံ၊ သံပရာသီး၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ငရုတ်သီးစိမ်းတို့ လိုအပ်ပါမယ်။
ကြက်သားကို ရေဆေးသန့်စင်ပြီး အတုံးလေးတွေတုံးပြီး ရေဆေးထားပါ။ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်တောင့်ကို မညက်တညက်ထောင်းထားပါ။
ပြီးလျှင် ကြက်သားကို ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ငံပြာရည် ထည့်ပြီး ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်တောင့် ထောင်းထားတာနဲ့ ရောသမအောင် နယ်ပြီးနှပ်ထားပါ။ စပါးလင် အရင်းပိုင်းကို တစောင်းလှီးထားပါ။
ပြီးနောက် ဒယ်အိုးတစ်လုံးတွင် ရေထည့်ပြီးတည်ထားပေးပါ။ ရေဆူရင် ကြက်သား လုံးထားတာနဲ့ စပါးလင်ကိုထည့်ပြီး အဖုံးအုပ်ထားပါ။
မိနစ်အနည်းငယ်ကြာလို့ ကြက်သားနူးလောက်ပြီဆိုရင် မှို၊ ကြက်သွန်နီကို လေးစိပ်ခွဲ၊ ငရုတ်သီးစိမ်းထည့်ပြီး ထပ်တည်ပေးပါ။
ပြီးလျှင် အရသာအပေါ့အငန်မြည်းကြည့်ပါ။ အရသာမြည်းကြည့်လို့ အနေတော်ဆိုရင် အရွက်စုံ၊ အညွန့်စုံ၊ ရှမ်းနံနံ၊ ပင်စိမ်းတို့ကိုထည့်ပြီး အဖုံးအုပ်၍ မီးပိတ်လိုက်ပါ။ မီးပိတ်ပြီးလျှင်တော့ သံပရာရည်ထည့်ပြီးလျှင်တော့ ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ အသင့်သုံးဆောင်နိုင်ပါတယ်။