Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သက်သတ်လွတ် ပန်းဂေါ်ဖီစိမ်းသုပ်

 

ဝါတွင်းကာလ အခါသမယမှာ သက်သတ်လွတ်စားချင်သူတွေအတွက် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ သက်သတ်လွတ် ပန်းဂေါ်ဖီစိမ်းသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ မြေပဲလှော်၊ ကြက်သွန်ဖြူကြော်၊ ကြက်သွန်ဖြူဆီချက်၊ ဆားတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပန်းဂေါ်ဖီစိမ်းကို အနေတော်အတုံးကလေးများလှီးဖြတ်ပြီး ရေနွေးပူပူလေးထဲထည့် ဆားထည့်၍ မိနစ်အနည်းငယ်ကြာ ရေနွေးဖျောထားပါ။ ပြီးလျှင် ပန်းဂေါ်ဖီစိမ်းကို ရေစစ်ထားပါ။

 

ပြီးနောက် ဇလုံတစ်လုံးထဲ ကြက်သွန်နီ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်တို့ကို ပါးပါးလှီးပြီး ထည့်ပါ။

 

ပြီးလျှင် ပန်းဂေါ်ဖီစိမ်း၊ မြေပဲ၊ ကြက်သွန်ဖြူ ဆီချက်တို့ကိုထည့်၊ အရသာတွေထည့်ပြီး အပေါ့အငန်မြည်းကြည့်ပါ။

 

ပြီးရင်တော့ အရသာ အနေတော်ဖြစ်ပြီဆိုလျှင်တော့ သက်သတ်လွတ် ပန်းဂေါ်ဖီစိမ်းသုပ်ကို အသင့်သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 10:09
Rate this item
(1 Vote)