Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ဆန်တင်ပို့မှုနှင့်ပတ်သက်၍ ဆန်စပါးအသင်းထုတ်ပြန်ချက်

ပြည်ပသို့ဆန်တင်ပို့မှုနှင့်ပတ်သက်၍ ဆန်စပါးအသင်းထုတ်ပြန်ချက် Google

ပြည်ပသို့ဆန်တင်ပို့မှုနှင့်ပတ်သက်၍ ဆန်စပါးအသင်းထုတ်ပြန်ချက်


ဆန်ပြည်ပတင်ပို့မှု ကိစ္စ

၁။ ၂၀၂၀ ပြည့်နှစ်၊ မေ လ တွင် ဆန်ပြည်ပတင်ပို့ခြင်း ကို တန်ချိန် (၁၅၀၀၀၀) (+/-၁၀%) ခန့် တင်ပို့ရန်၊ ပင်လယ်ရေကြောင်းမှ တန် (၁၀၀,၀၀၀) (+/-၁၀%) နှင့် နယ်စပ်မှ တန် (၅၀၀၀၀) (+/-၁၀%) ခန့်ကို တင်ပို့ရန် အတွက် စီးပွား/ကူးသန်း

ဝန်ကြီး ဌာန နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ညှိနှိုင်း သတ်မှတ်ထားရှိပါသည်။ ထို့အပြင် အာဆီယံ နိုင်ငံ အချို့ နှင့် အိမ်နီးချင်းနိုင်ငံများအား G to G ညှိနှိုင်းရောင်းချရန် ကိုလည်း ဆွေးနွေး စီစဉ်လျက်

ရှိပါသည်။

၂။ ဆန်ပြည်ပတင်ပို့မှု ကို ယခုလို ပမာဏကန့်သတ်ထားမှု သည် ဘက်ပေါင်းစုံ မှ အကြံပြုချက်များ နှင့် အခြားသော နိုင်ငံများ၏ ဆောင်ရွက်သော အခြေအနေများကို အခြေခံ၍ မြန်မာနိုင်ငံနှင့် သင့်လျော်သော အခြေအနေကို အစိုးရ-ပုဂ္ဂလိက

ညှိနှိုင်းဆွေးနွေး သတ်မှတ်ခြင်း ဖြစ်ပါသည်။ မေလ အတွက် တန်ချိန် (၁၅၀၀၀၀) (+/-၁၀%) သတ်မှတ်မှု တွင် ဆန်၊ဆန်ကွဲ နှင့်ကောက်ညှင်း တို့ ပါဝင်ပါသည်။ ပေါင်းဆန် (Parboiled Rice) အပေါ် တွင် တင်ပို့ရန် ပမာဏ ကန့်သတ်ထားမှု မရှိပါ။

၃။ ၂၀၂၀ ပြည့်နှစ် မေလ အတွက် ပင်လယ်ရေကြောင်းတွင် ကုမ္ပဏီ (၁၁၂) ခု ခန့် နှင့် နယ်စပ် တွင် ကုမ္ပဏီ (၂၀၀) ခန့်မှ သတ်မှတ်ခွဲဝေ ထားသော ပမာဏများကို တင်ပို့ ရောင်းချသွားမည် ဖြစ်ပါသည်။ ပမာဏများကို ခွဲဝေ သတ်မှတ်ရာတွင်

လွန်ခဲ့သော (၃) နှစ် အတွင်း (လပေါင်း ၃၀ အတွင်း) လစဉ်ပျမ်းမျှ တင်ပို့မှု၏ ၆၀% ကို ကုမ္ပဏီများ အားလုံးအား အခြေခံ ခွဲဝေပေးကာ Contract Farming လုပ်ဆောင်မှု၊ Supply Chain& Value Chain တစ်လျှောက်လုပ်ဆောင်မှု၊ ဆန်စက်နှင့်

သိုလှောင်ရုံ ရင်းနှီးမြှုပ်နှံမှု၊ အဖွဲ့ဝင် အများအတွက် ကိုယ်စားပြုဆောင်ရွက်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) စသော လုပ်ဆောင်ချက်ရှိသည့် ကုမ္ပဏီများကို အပိုထပ်ဆောင်း၍ သင့်တင့်မျှတစေရန် အတတ်နိုင်ဆုံး စီစဉ်ထားပါသည်။ အခက်အခဲ

ရှိသော/ မရှင်းလင်းသော Exporter များ အနေဖြင့် အသင်းချုပ် Email ဖြစ်သော admin@mrf.com.mm သို့ ပေးပို့ မေးမြန်းနိုင်ပါသည်။

၄။ ပြည်တွင်း/ပြည်ပ ဈေးကွက် အခြေအနေ နှင့် Covid-19 အခြေအနေတို့ပေါ် တွင် မူတည်၍ ပြည်ပတင်ပို့မှု ကို နိုင်ငံတော် အစိုးရ နှင့် ညှိနှိုင်းတင်ပြ အကြံပြုဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လတ်တလော အခြေအနေ တွင် နွေစပါးပေါ်ချိန် ဖြစ်၍

တောင်သူလယ်သမား များ အတွက် သင့်တင့် မျှတသော ဈေးနှုန်း ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် နေရသလို စားသုံးသူ ပြည်သူများ အတွက် Covid-19 ကာလ တွင် ဆန်ဈေး သင့်တင့်မျှတစေရန် အသင်းချုပ်၊ ညီနောင်အသင်းများနှင့်ကုန်စည်

ဒိုင်များ၊ ဆန်စပါးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းဈေးကွက်သည် ထုတ်လုပ်မှု၏ ၇၀%ကျော် ဖြစ်ပြီး ပြည်ပ တင်ပို့မှုသည် ထုတ်လုပ်မှု၏ ၂၀% ကျော် ဖြစ်သဖြင့် ပြည်တွင်း/ပြည်ပ ဈေးကွက် နှစ်ခုစလုံး အတွက်

ချင့်ချိန်သုံးသပ်ဆောင်ရွက်လျက်ရှိပါသည်။

၅။ ဆန်ပြည်ပတင်ပို့မှု နှင့် ဆက်စပ်ပြီး အရန်ဆန် ထားရှိရေးကို နိုင်ငံတော်၏ အရန် ရိက္ခာ အစီအစဉ် အောက်တွင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ Exporter များသည် ပြည်ပ တင်ပို့မှု၏ ၁၀% ပမာဏကို အရန်ဆန် (25% broken, well-

milled & sorted grade) ကို သတ်မှတ် သိုလှောင်ရုံများတွင် ပေးသွင်းရမည်ဖြစ်ပြီး တတိယအဖွဲ့အစည်း ဖြစ်သော MITS မှ အရည်အသွေး၊ အရေအတွက်ကို စစ်ဆေးလက်ခံ ယူမည်ဖြစ်ပါသည်။ ပင်လယ် ရေကြောင်း မှ တင်ပို့မှု အတွက်

ရန်ကုန်တိုင်းဒေသကြီး တွင် အရန်ဆန် လက်ခံမည် ဖြစ်ပြီး နယ်စပ် မှ တင်ပို့မှု အတွက် မန္တလေးတိုင်းဒေသကြီးတွင် စားသုံးသူရေးရာဦးစီး ဌာနမှ သိုလှောင် ထိန်းသိမ်း ကြီးကြပ် လက်ခံ သွားမည်ဖြစ်ပါသည်။

၆။ ယခု လက်ရှိအခြေအနေတွင် ဆန်စပါး ဈေးကွက်သည် ပြည်တွင်း ဖူလုံမှု အပြည့် အဝ ရှိကာ လိုအပ်ပါက ရိက္ခာဖြန့်ဖြူးရေးအတွက် အရန်ဆန် ထားရှိရေးကိုပါ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်သဖြင့် လုံလောက်ဖူလုံမှု ရှိကြောင်း နှင့် ပြည်ပတင်ပို့မှု ကို

လည်း ၂၀၂၀ မေလ မှ စတင်၍ ပုံမှန် အတိုင်း ဆောင်ရွက်ကာ၂၀၁၉-၂၀ ပြည့်နှစ်တွင် တန်ချိန် (၂) သန်းကျော် တင်ပို့ ရန် ဆောင်ရွက်လျက် ရှိကြောင်း ကိုလည်းကောင်း၊ အသင်းချုပ်အနေဖြင့် မကြာမီရောက်ရှိမည့် မိုးစပါးရာသီ တွင် မြန်မာ့

လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေကို တောင်သူများအား ပိုမိုထုတ်ပေးခြင်း အပါအဝင် ဆန်စပါးလုပ်ငန်း အတွက် ဆောင်ရွက်သင့်သော ကိစ္စများကို နိုင်ငံတော် အစိုးရအား အကြံပြုတင်ပြ ထားကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်

ရှိပါကြောင်း ထုတ်ပြန် အသိပေးအပ်ပါသည်။

Zawgyi


ျပည္ပသို႔ဆန္တင္ပို႔မႈႏွင့္ပတ္သက္၍ ဆန္စပါးအသင္းထုတ္ျပန္ခ်က္


ဆန္ျပည္ပတင္ပို႔မႈ ကိစၥ

၁။ ၂၀၂၀ ျပည့္ႏွစ္၊ ေမ လ တြင္ ဆန္ျပည္ပတင္ပို႔ျခင္း ကို တန္ခ်ိန္ (၁၅၀၀၀၀) (+/-၁၀%) ခန႔္ တင္ပို႔ရန္၊ ပင္လယ္ေရေၾကာင္းမွ တန္ (၁၀၀,၀၀၀) (+/-၁၀%) ႏွင့္ နယ္စပ္မွ တန္ (၅၀၀၀၀) (+/-၁၀%) ခန႔္ကို တင္ပို႔ရန္ အတြက္ စီးပြား/ကူးသန္း ဝန္ႀကီး ဌာန

ႏွင့္ ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္တို႔ ညႇိႏႈိင္း သတ္မွတ္ထားရွိပါသည္။ ထို႔အျပင္ အာဆီယံ ႏိုင္ငံ အခ်ိဳ႕ ႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားအား G to G ညႇိႏႈိင္းေရာင္းခ်ရန္ ကိုလည္း ေဆြးေႏြး စိီစဥ္လ်က္

ရွိပါသည္။

၂။ ဆန္ျပည္ပတင္ပို႔မႈ ကို ယခုလို ပမာဏကန႔္သတ္ထားမႈ သည္ ဘက္ေပါင္းစုံ မွ အႀကံျပဳခ်က္မ်ား ႏွင့္ အျခားေသာ ႏိုင္ငံမ်ား၏ ေဆာင္႐ြက္ေသာ အေျခအေနမ်ားကို အေျခခံ၍ ျမန္မာႏိုင္ငံႏွင့္ သင့္ေလ်ာ္ေသာ အေျခအေနကို အစိုးရ-ပုဂၢလိက ညႇိႏႈိင္းေ

ဆြးေႏြး သတ္မွတ္ျခင္း ျဖစ္ပါသည္။ ေမလ အတြက္ တန္ခ်ိန္ (၁၅၀၀၀၀) (+/-၁၀%) သတ္မွတ္မႈ တြင္ ဆန္၊ဆန္ကြဲ ႏွင့္ေကာက္ညႇင္း တို႔ ပါဝင္ပါသည္။ ေပါင္းဆန္ (Parboiled Rice) အေပၚ တြင္ တင္ပို႔ရန္ ပမာဏ ကန႔္သတ္ထားမႈ မရွိပါ။

၃။ ၂၀၂၀ ျပည့္ႏွစ္ ေမလ အတြက္ ပင္လယ္ေရေၾကာင္းတြင္ ကုမၸဏီ (၁၁၂) ခု ခန႔္ ႏွင့္ နယ္စပ္ တြင္ ကုမၸဏီ (၂၀၀) ခန႔္မွ သတ္မွတ္ခြဲေဝ ထားေသာ ပမာဏမ်ားကို တင္ပို႔ ေရာင္းခ်သြားမည္ ျဖစ္ပါသည္။ ပမာဏမ်ားကို ခြဲေဝ သတ္မွတ္ရာတြင္ လြန္ခဲ့ေ

သာ (၃) ႏွစ္ အတြင္း (လေပါင္း ၃၀ အတြင္း) လစဥ္ပ်မ္းမွ် တင္ပို႔မႈ၏ ၆၀% ကို ကုမၸဏီမ်ား အားလုံးအား အေျခခံ ခြဲေဝေပးကာ Contract Farming လုပ္ေဆာင္မႈ၊ Supply Chain& Value Chain တစ္ေလွ်ာက္လုပ္ေဆာင္မႈ၊ ဆန္စက္ႏွင့္ သိုေလွာင္႐ုံ ရ

င္းႏွီးျမႇဳပ္ႏွံမႈ၊ အဖြဲ႕ဝင္ အမ်ားအတြက္ ကိုယ္စားျပဳေဆာင္႐ြက္မႈ၊ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ (FDI) စေသာ လုပ္ေဆာင္ခ်က္ရွိသည့္ ကုမၸဏီမ်ားကို အပိုထပ္ေဆာင္း၍ သင့္တင့္မွ်တေစရန္ အတတ္ႏိုင္ဆုံး စီစဥ္ထားပါသည္။ အခက္အခဲ ရွိေသာ/ မရွင္းလင္းေ

သာ Exporter မ်ား အေနျဖင့္ အသင္းခ်ဳပ္ Email ျဖစ္ေသာ admin@mrf.com.mm သို႔ ေပးပို႔ ေမးျမန္းႏိုင္ပါသည္။

၄။ ျပည္တြင္း/ျပည္ပ ေစ်းကြက္​ အေျခအေန ႏွင့္ Covid-19 အေျခအေနတို႔ေပၚ တြင္ မူတည္၍ ျပည္ပတင္ပို႔မႈ ကို ႏိုင္ငံေတာ္ အစိုးရ ႏွင့္ ညႇိႏႈိင္းတင္ျပ အႀကံျပဳေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။ လတ္တေလာ အေျခအေန တြင္ ေႏြစပါးေပၚခ်ိန္ ျဖစ္၍

တာင္သူလယ္သမား မ်ား အတြက္ သင့္တင့္ မွ်တေသာ ေစ်းႏႈန္း ျဖစ္ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္ ေနရသလို စားသုံးသူ ျပည္သူမ်ား အတြက္ Covid-19 ကာလ တြင္ ဆန္ေစ်း သင့္တင့္မွ်တေစရန္ အသင္းခ်ဳပ္၊ ညီေနာင္အသင္းမ်ားႏွင့္ကုန္စည္ ဒိုင္မ်ား၊

န္စပါးလုပ္ငန္းရွင္မ်ား ပူးေပါင္းေဆာင္႐ြက္လ်က္ရွိပါသည္။ ျပည္တြင္းေစ်းကြက္သည္ ထုတ္လုပ္မႈ၏ ၇၀%ေက်ာ္ ျဖစ္ၿပီး ျပည္ပ တင္ပို႔မႈသည္ ထုတ္လုပ္မႈ၏ ၂၀% ေက်ာ္ ျဖစ္သျဖင့္ ျပည္တြင္း/ျပည္ပ ေစ်းကြက္ ႏွစ္ခုစလုံး အတြက္ ခ်င့္ခ်ိန္သုံးသပ္ေဆာ

င္႐ြက္လ်က္ရွိပါသည္။

၅။ ဆန္ျပည္ပတင္ပို႔မႈ ႏွင့္ ဆက္စပ္ၿပီး အရန္ဆန္ ထားရွိေရးကို ႏိုင္ငံေတာ္၏ အရန္ ရိကၡာ အစီအစဥ္ ေအာက္တြင္ ေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။ Exporter မ်ားသည္ ျပည္ပ တင္ပို႔မႈ၏ ၁၀% ပမာဏကို အရန္ဆန္ (25% broken, well-milled &

sorted grade) ကို သတ္မွတ္ သိုေလွာင္႐ုံမ်ားတြင္ ေပးသြင္းရမည္ျဖစ္ၿပီး တတိယအဖြဲ႕အစည္း ျဖစ္ေသာ MITS မွ အရည္အေသြး၊ အေရအတြက္ကို စစ္ေဆးလက္ခံ ယူမည္ျဖစ္ပါသည္။ ပင္လယ္ ေရေၾကာင္း မွ တင္ပို႔မႈ အတြက္ ရန္ကုန္တိုင္းေဒသႀကီး

တြင္ အရန္ဆန္ လက္ခံမည္ ျဖစ္ၿပီး နယ္စပ္ မွ တင္ပို႔မႈ အတြက္ မႏၲေလးတိုင္းေဒသႀကီးတြင္ စားသုံးသူေရးရာဦးစီး ဌာနမွ သိုေလွာင္ ထိန္းသိမ္း ႀကီးၾကပ္ လက္ခံ သြားမည္ျဖစ္ပါသည္။

 

၆။ ယခု လက္ရွိအေျခအေနတြင္ ဆန္စပါး ေစ်းကြက္သည္ ျပည္တြင္း ဖူလုံမႈ အျပည့္ အဝ ရွိကာ လိုအပ္ပါက ရိကၡာျဖန႔္ျဖဴးေရးအတြက္ အရန္ဆန္ ထားရွိေရးကိုပါ စိီစဥ္ေဆာင္႐ြက္ေနၿပီ ျဖစ္သျဖင့္ လုံေလာက္ဖူလုံမႈ ရွိေၾကာင္း ႏွင့္ ျပည္ပတင္ပို႔မႈ ကိုလည္း

၂၀၂၀ ေမလ မွ စတင္၍ ပုံမွန္ အတိုင္း ေဆာင္႐ြက္ကာ၂၀၁၉-၂၀ ျပည့္ႏွစ္တြင္ တန္ခ်ိန္ (၂) သန္းေက်ာ္ တင္ပို႔ ရန္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း ကိုလည္းေကာင္း၊ အသင္းခ်ဳပ္အေနျဖင့္ မၾကာမီေရာက္ရွိမည့္ မိုးစပါးရာသီ တြင္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရး

ဘဏ္မွ စိုက္ပ်ိဳးစရိတ္ ေခ်းေငြကို ေတာင္သူမ်ားအား ပိုမိုထုတ္ေပးျခင္း အပါအဝင္ ဆန္စပါးလုပ္ငန္း အတြက္ ေဆာင္႐ြက္သင့္ေသာ ကိစၥမ်ားကို ႏိုင္ငံေတာ္ အစိုးရအား အႀကံျပဳတင္ျပ ထားကာ ေဆြးေႏြးညႇိႏႈိင္းမႈမ်ား ျပဳလုပ္လ်က္ရွိပါေၾကာင္း ထုတ္ျပန္

အသိေပးအပ္ပါသည္။

Read times Last modified on Wednesday, 29 April 2020 15:25
Rate this item
(0 votes)