Myanmar



မန္တလေးဈေးကွက် ကြက်သွန် နီ/ဖြူ အာလူး ချင်း ဈေးနှုန်း အတက်အကျများ

မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


17 7 2023

မန္တလေးကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် မုံရွာဘက်မှ ကြက်သွန်နီကြီးများဝင်ရောက် ပြီး ရွှေတော၊ မဘိန်း၊ အင်းတော်၊ ဗန်းမောက်၊ လားရှိုး၊ တနိုင်းသို့ တင်ပို့ရမှုရှိခြင်းကြောင့်
ကြက်သွန်နီ (ကြီး) တစ်ပိဿာ ၂၁၀၀ ကျပ်မှ ၂၂၀၀ ကျပ်၊
ကြက်သွန်နီ (လတ်) တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားပြီး
ကြက်သွန်နီ (သေး) မှာ အဝင်များပြီး မြို့တွင်းစားသုံးမှု ပုံမှန် သာရှိသဖြင့် တစ်ပိဿာ ၁၈၀၀ ကျပ်မှ ၁၇၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ကြက်သွန်ဖြူ (တရုတ်)မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးနှင့် နယ်ဝေးတင်ပို့ရမှု ပုံမှန်ဖြစ်သော် လည်း မြန်မာကြက်သွန်ဖြူ ဝင်ရောက်မှု မရှိသဖြင့် ယခင်အပတ် ၆၈၀၀ ကျပ်မှ ၇၂၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ကြက်သွန်ဖြူ (ရှမ်း) မှာ အရည်အသွေးပေါ်မူတည်၍ အကောင်းဆုံးတစ်ပိဿာ ၉၀၀၀ ကျပ်မှ အညံ့ဆုံးတစ်ပိဿာ ၆၅၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်နေသည်။


အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများကိုသာ အများဆုံးရောင်းဝယ်နေကြပြီး တစ်ပိဿာ ၂၇၀၀ ကျပ် ဈေးရှိပြီး အောင်ပန်းအာလူးမှာ ပစ္စည်းရှားသဖြင့် တစ်ပိဿာ ၃၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

 

ချင်းဈေးနှုန်းအနေဖြင့် အသစ်မဝင်သေးသဖြင့် ဥမများကိုသာ ရောင်းဝယ်နေကြပြီး တစ်ပိဿာ အရည်အသွေးပေါ်မူတည်၍ ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်နေသည်။

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Monday, 17 July 2023 22:34
Rate this item
(0 votes)