Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကျောက်ဖရုံယို

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အချိုတည်း အစားအစာတစ်မျိုးကို ဆိုင်တွင်ဝယ်စားစရာမလိုဘဲ

အိမ်တွင်လည်း ပြုလုပ်နိုင်တဲ့ ကျောက်ဖရုံယို ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကျောက်ဖရုံသီး၊ ထုံးမှုန့်၊ ကျောက်ချဉ်၊ သကြား၊ ဆား တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပစ်လိုက်ပါ။ ကျောက်ဖရုံသီးအရင့်မှ အဆင်ပြေပါမယ်။

 

အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အချောင်းလေးများဖြစ်အောင် လှပညီညာစွာ လှီးဖြတ်ပြီး သေချာ သန့်စင်အောင် ရေဆေးကြောထားပါ။

 

ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌ အနည်းငယ်ထည့်ဖျော်၍ ဆေးကြောပြီးသော ကျောက်ဖရုံသီး အစိတ်အပိုင်းများကို ၃နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။

 

သုံးနာရီခန့်ကြာသောအခါ ကျောက်ဖရုံတုံးများအား ဆယ်ယူ၍ ရေသန့်စင်အောင် တစ်ဖန်ဆေးကြောလိုက်ပါ။

 

ကျောက်ချဉ်အရည် သုံးဇွန်းခန့်ကို ရေ၌ထည့်ဖျော်၍ ရေစစ်ထားသော ကျောက်ဖရုံ အစိတ်အပိုင်းများကို တဖန်ပြန်လည်ပြီး မိနစ်အနည်းငယ်မျှကြာအောင် စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံစစ်ပေးထားပါ။

 

သကြားကို လိုသလောက်ချိန်ထည့်ပြီး ဆားအနည်းငယ်ဖြင့် ကျောက်ဖရုံသီး အစိတ်အပိုင်းများကို သမအောင် ရောနယ်၍ ရေသန့်သန့်ထည့်ကာ နာရီဝက်ခန့် ကျိုချက်ပေးပြီး ပြစ်ခဲလာချိန်၌ အိုးအတွင်းမှဆယ်ယူ၍ ဇကာပေါ်ဖြန့်ကြဲပြီး အေးခဲသွားသည်အထိ ထားပေးလိုက်ပါက သန့်ရှင်းလတ်ဆတ်ပြီး ချိုမြိန်သော ကျောက်ဖရုံယိုကို မှီဝဲသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:11
Rate this item
(1 Vote)