Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

17 7 2023

မန္တလေးကိုင်းတန်းဈေးတွင် ဆန်ဈေးနှုန်းအနေဖြင့်
ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတို့မှာ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ မြို့တွင်းစားသုံးရန် ဝယ်ယူမှုနည်းခြင်းကြောင့်
ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၆၉၀၀၀ ကျပ်မှ ၉၈၀၀၀ ကျပ်၊
ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၀၄၀၀၀ကျပ် မှ ၁၀၂၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။

 

မနောသုခဆန် ငစိန်ဆန်၊ ဇီယာဆန်တို့မှာလည်း အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့်
မနောသုခတစ်အိတ် ၇၅၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ်၊
ငစိန်ဆန်တစ်အိတ် ၅၈၀၀၀ ကျပ်၊
ဇီယာဆန် တစ်အိတ် ၇၅၀၀၀ ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။


ဧရာမင်းဆန်မှာ အသစ်စတင်စိုက်ပျိုးစဖြစ်ခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်း၊ အထွက်နည်း အဝင်နည်း၊ မြို့တွင်းစားသုံးမှုများခြင်းကြောင့် တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Monday, 17 July 2023 22:29
Rate this item
(0 votes)