Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငွေနှင်းမှို အစပ်ချက် ချက်စားကြည့်ရအောင် - Yang Than Kook

ငွေနှင်းမှို အစပ်ချက် ချက်စားကြည့်ရအောင်

ငွေနှင်းမှို အသန့်စားကို စနစ်တကျ စိုက်ပျိုးပြီး ကိုဗစ်ကာလ မှာ ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် စနေ းမှာ လိုက်လံပို့ဆောင်ပေးတဲ့ Blue Earth Mushroom Farm ရှိပါတယ်။

လတ်ဆတ်မှုကို ပေးအပ်ဖို့ မနက်စောစောခူးပြီး လိုက်ပို့ပေးတာ ဖြစ်ပါတယ်။
တစ်ပတ်တာ မှာထားသမျှ လိုက်ပို့ပေးမယ့် စနေနေ့မတိုင်ခင် သောကြာနေ့ညအထိ မှာကြားတာတွေ လက်ခံပေးပါတယ်။
ဖုန်းနံပါတ် 09 799 663715 ဖြစ်ပြီး Facebook စာမျက်နှာ messenger က မှာချင်ရင် Blue Earth Mushroom Farm ဆိုတဲ့ စာသားကို တစ်ချက်တို့လိုက်ပါ။


Blue Earth Mushroom Farm

 

Image may contain: food

ဒီအထုပ်လေးဆို ၂၀၀ ဂရမ် ( ၁၂ကျပ်ခွဲသား) အထုပ် ဖြစ်ပါတယ်။ မိသားစု ဟင်းတခွက်စာလောက်ပါတယ်။
ဈေးနှုန်းက ဂရမ် ၁၀၀ ကို ကျပ် ၅၅၀ ဖြစ်ပါတယ်။


ပစ္စည်းကောင်းကောင်း သန့်သန့်ပြန့်ပြန့် ငွေနှင်းမှို ဖြစ်တဲ့အတွက် မှိုမှာ သဲပါလာမှာ မပူရဘူး။ ဟင်းချက်တာ ကောင်းပါလျက် သဲကဖျက် မဖြစ်ရအောင် မှိုကောင်းကောင်းသန့်သန့်သုံးသင့်တဲ့အပြင် စိမ်းစားငပိကိုလည်း အရည်အသွေးကောင်းကောင်း သုံးသင့်ပါတယ်။
ငွေနှင်းမှိုကို ငပိစိမ်းစားဖြင့် ခပ်စပ်စပ် ချက်မှာမို့ ငရုတ်သီးစိမ်းအတောင့် တွေကို ထောင်းရပါမယ်။
ငွေနှင်းမှို ၂၀၀ ဂရမ်ကို ချက်ဖို့ ငပိစိမ်းစားက ထမင်းစားဇွန်း ၃ ဇွန်းမှ ၄ ဇွန်း ထည့်ရင် ရပါပြီ။ အချဉ်အတွက် မန်ကျည်းနှစ်ပျစ်ပျစ် ထမင်းစားဇွန်း ၃ ဇွန်း ထည့်ရမှာ ဖြစ်ပါတယ်။

ဟင်းချက်ရင် ဆားနဲ့ နနွင်းက ထည့်ရတာမို့ နနွင်းနည်းနည်း ထည့်ရပါမယ်။ ဆားနည်းနည်း ခတ်ဖို့ လိုတယ်။ ထည့်ချင်ပါတယ်ဆိုရင် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ထည့်လို့ရပါတယ်။ ပဲဆီစစ်စစ် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ဖို့လည်း သတိရပါ။

မှိုကို ရေစိမ်ဆေးပြီး' ဆန်ကာနဲ့ ရေစစ်ထားချိန်မှာ ငရုပ်သီးစိမ်းကို ထောင်းပါ။ အရမ်းမစပ်တဲ့ ငရုပ်သီးစိမ်းဆိုရင် ၁၀ တောင့် သုံးပါ။ အစပ်လျှော့ချင်ရင် ငရုပ်သီးစိမ်း လျှော့ထည့်။ အစပ်တိုးချင်ရင် ငရုပ်သီးစိမ်း ပိုထည့် ဆိုတာကိုတော့ ပြောပြဖို့ လိုမည် မထင်ပါဘူး။
ငါးပိစိမ်းစားကို ရေဖျော်ပြီး မန်ကျည်းနှစ်၊ နနွင်းမှုန့်၊ (ကြက်သားမှုန့် ထည့်မယ်ဆိုရင် ထည့်) မွှေ။

ပြီးရင် ထောင်းထားတဲ့ ငရုပ်သီးစိမ်းတွေ ထည့်။
မီးအေးအေးပေါ်တင်ပြီး ပွက်တဲ့အထိ တည်။
တည်ထားတုန်းမှာ လုပ်စရာတစ်ခု ရှိနေတယ်။
ငွေနှင်းမှို အဖတ်တွေက ကြီးနေတယ်ဆိုရင် လက်ဖြင့် ဆိတ်ဖဲ့ပြီး အပိုင်းကလေးတွေ လုပ်ပါ။
တည်ထားတာ ပွက်ပွက်ဆူနေပြီ ဆိုရင် ငွေနှင်းမှိုအဖတ်တွေ ထည့်ပါ။ ဆီခတ်ပါ။
အဖုံးဖုံးပြီး ခဏတည်ပြီး မီးငြိမ်းလိုက်ပါ။ အဖုံးကို မလှပ်သေးဘဲ နှပ်ထားလိုက်ပါ။
အစပ်မှာ အချဉ်ပါတဲ့ ငွေနှင်းဖြူမှိုဟင်း လက်ရာကောင်းကောင်းတစ်ခွက်ကို ရရှိပါပြီ။

 

zawgyi

ေငြႏွင္းမႈိ အစပ္ခ်က္ ခ်က္စားၾကည့္ရေအာင္

ေငြႏွင္းမႈိ အသန႔္စားကို စနစ္တက် စိုက္ပ်ိဳးၿပီး ကိုဗစ္ကာလ မွာ ရန္ကုန္ၿမိဳ႕တြင္း အိမ္တိုင္ရာေရာက္ စေန းမွာ လိုက္လံပို႔ေဆာင္ေပးတဲ့ Blue Earth Mushroom Farm ရွိပါတယ္။
လတ္ဆတ္မႈကို ေပးအပ္ဖို႔ မနက္ေစာေစာခူးၿပီး လိုက္ပို႔ေပးတာ ျဖစ္ပါတယ္။
တစ္ပတ္တာ မွာထားသမွ် လိုက္ပို႔ေပးမယ့္ စေနေန႔မတိုင္ခင္ ေသာၾကာေန႔ညအထိ မွာၾကားတာေတြ လက္ခံေပးပါတယ္။
ဖုန္းနံပါတ္ 09 799 663715 ျဖစ္ၿပီး Facebook စာမ်က္ႏွာ messenger က မွာခ်င္ရင္ Blue Earth Mushroom Farm ဆိုတဲ့ စာသားကို တစ္ခ်က္တို႔လိုက္ပါ။
Blue Earth Mushroom Farm

 

Image may contain: food

ဒီအထုပ္ေလးဆို ၂၀၀ ဂရမ္ ( ၁၂က်ပ္ခြဲသား) အထုပ္ ျဖစ္ပါတယ္။ မိသားစု ဟင္းတခြက္စာေလာက္ပါတယ္။
ေဈးႏႈန္းက ဂရမ္ ၁၀၀ ကို က်ပ္ ၅၅၀ ျဖစ္ပါတယ္။


ပစၥည္းေကာင္းေကာင္း သန႔္သန႔္ျပန႔္ျပန႔္ ေငြႏွင္းမႈိ ျဖစ္တဲ့အတြက္ မႈိမွာ သဲပါလာမွာ မပူရဘူး။ ဟင္းခ်က္တာ ေကာင္းပါလ်က္ သဲကဖ်က္ မျဖစ္ရေအာင္ မႈိေကာင္းေကာင္းသန႔္သန႔္သုံးသင့္တဲ့အျပင္ စိမ္းစားငပိကိုလည္း အရည္အေသြးေကာင္းေကာင္း သုံးသင့္ပါတယ္။
ေငြႏွင္းမႈိကို ငပိစိမ္းစားျဖင့္ ခပ္စပ္စပ္ ခ်က္မွာမို႔ င႐ုတ္သီးစိမ္းအေတာင့္ ေတြကို ေထာင္းရပါမယ္။
ေငြႏွင္းမႈိ ၂၀၀ ဂရမ္ကို ခ်က္ဖို႔ ငပိစိမ္းစားက ထမင္းစားဇြန္း ၃ ဇြန္းမွ ၄ ဇြန္း ထည့္ရင္ ရပါၿပီ။ အခ်ဥ္အတြက္ မန္က်ည္းႏွစ္ပ်စ္ပ်စ္ ထမင္းစားဇြန္း ၃ ဇြန္း ထည့္ရမွာ ျဖစ္ပါတယ္။

ဟင္းခ်က္ရင္ ဆားနဲ႔ နႏြင္းက ထည့္ရတာမို႔ နႏြင္းနည္းနည္း ထည့္ရပါမယ္။ ဆားနည္းနည္း ခတ္ဖို႔ လိုတယ္။ ထည့္ခ်င္ပါတယ္ဆိုရင္ ၾကက္သားမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာ ထည့္လို႔ရပါတယ္။ ပဲဆီစစ္စစ္ ထမင္းစားဇြန္း တစ္ဇြန္း ထည့္ဖို႔လည္း သတိရပါ။

မႈိကို ေရစိမ္ေဆးၿပီး' ဆန္ကာနဲ႔ ေရစစ္ထားခ်ိန္မွာ င႐ုပ္သီးစိမ္းကို ေထာင္းပါ။ အရမ္းမစပ္တဲ့ င႐ုပ္သီးစိမ္းဆိုရင္ ၁၀ ေတာင့္ သုံးပါ။ အစပ္ေလွ်ာ့ခ်င္ရင္ င႐ုပ္သီးစိမ္း ေလွ်ာ့ထည့္။ အစပ္တိုးခ်င္ရင္ င႐ုပ္သီးစိမ္း ပိုထည့္ ဆိုတာကိုေတာ့ ေျပာျပဖို႔ လိုမည္ မထင္ပါဘူး။
ငါးပိစိမ္းစားကို ေရေဖ်ာ္ၿပီး မန္က်ည္းႏွစ္၊ နႏြင္းမႈန႔္၊ (ၾကက္သားမႈန႔္ ထည့္မယ္ဆိုရင္ ထည့္) ေမႊ။
ၿပီးရင္ ေထာင္းထားတဲ့ င႐ုပ္သီးစိမ္းေတြ ထည့္။
မီးေအးေအးေပၚတင္ၿပီး ပြက္တဲ့အထိ တည္။
တည္ထားတုန္းမွာ လုပ္စရာတစ္ခု ရွိေနတယ္။
ေငြႏွင္းမႈိ အဖတ္ေတြက ႀကီးေနတယ္ဆိုရင္ လက္ျဖင့္ ဆိတ္ဖဲ့ၿပီး အပိုင္းကေလးေတြ လုပ္ပါ။
တည္ထားတာ ပြက္ပြက္ဆူေနၿပီ ဆိုရင္ ေငြႏွင္းမႈိအဖတ္ေတြ ထည့္ပါ။ ဆီခတ္ပါ။
အဖုံးဖုံးၿပီး ခဏတည္ၿပီး မီးၿငိမ္းလိုက္ပါ။ အဖုံးကို မလွပ္ေသးဘဲ ႏွပ္ထားလိုက္ပါ။
အစပ္မွာ အခ်ဥ္ပါတဲ့ ေငြႏွင္းျဖဴမႈိဟင္း လက္ရာေကာင္းေကာင္းတစ္ခြက္ကို ရရွိပါၿပီ။

 

 

 

Read times Last modified on Saturday, 02 May 2020 14:52
Rate this item
(0 votes)