Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သား ကြွက်နားရွက်မှိုပေါင်း

အိမ်မှာ မိသားစုနဲ့ပဲစားစား၊ သူငယ်ချင်းတွေစုပြီးပဲစားစား လွယ်လင့်တကူ ပြုလုပ်နိုင်ပြီး ဒင်းဆမ်း လို အဆာပြေစားလို့ရတဲ့ ဆီမပါဘဲ ပေါင်းထားတဲ့ မှိုပေါင်းလေးပဲဖြစ်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြွက်နားရွက်မှို၊ ကြက်သား၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ သကြား၊ ဆား တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး  ကြွက်နားရွက်မှိုများကို ပွအောင်ရေစိမ်ပါ။ ပွရင် ရေနဲ့ သန့်အောင်ပွတ်ဆေးပါ။ မှိုတစ်ခုကို သေးသေးနုပ်နုပ်လေးများလှီးထားပါ။

 

ကြက်သားကို နုပ်နုပ်စင်းပါ။ ဆား၊ အသားမှုန့်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူတစ်ဝက်၊ နုပ်နုပ်လှီးထားတဲ့ ကြွက်နားရွက်မှိုတို့နဲ့ နှံ့အောင်နယ်ပါ။

 

မှိုပွင့်ပေါ်ကို ကြက်သားနယ်ထားသည်များ မျှတင်လိုက်ပါ။ မုန်လာဥနီဖြူးပါ။

 

ပြီးလျှင် ဆယ့်ငါးမိနစ်ခန့်ပေါင်းပါ။ ကျက်ပြီဆိုလျှင် ပန်းကန်ပြားထဲက ပေါင်းရည်ကို ဇလုံတစ်ခုထဲထည့်ပြီး ခရုဆီဆော့စ်ချက်ဖို့အတွက် ချန်ထားတဲ့ ကြက်သွန်ဖြူ၊ ခရုဆီ၊ သကြားတို့နဲ့ နှံ့အောင်မွှေပြီး ပွက်ပွက်ဆူအောင်ချက်ပါ။

 

ကြွက်နားရွက်မှိုပေါင်းပေါ်ကို ဆော့စ်ရည်များလောင်ချပြီး နှစ်မိနစ်ခန့် ထပ်ပေါင်းပေးပါ။

 

မအီဘဲ ပူပူနွေးနွေးသုံးဆောင်နိုင်တဲ့ ကြက်သားကြွက်နားရွက်မှိုပေါင်းကို နှစ်သက်ကြမှာပါ။

 

Read times Last modified on Friday, 30 November 2018 14:32
Rate this item
(1 Vote)