Myanmar
ကြက်ဥဆူးပုတ်ကြော်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့
ကြက်ဥဆူးပုတ်ကြော်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်ဥ၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆူးပုတ်ရွက်၊ ဆီ အနည်းငယ်တို့ လိုအပ်ပါမယ်။
ကြက်ဥကို ခွဲပြီး ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်ထည့်၍ မွှေပေးထားပါ။
ပြီးလျှင် ဆူးပုတ်ရွက် အညွန့်လေးများ ချွေပြီး ရေစင်စင်ဆေးထားပါ။
ပြီးနောက် ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် မီးပိတ်ပြီး ပန်းကန်တစ်ခုထဲသို့ ဆီများသွန်ထားပါ။
ပြီးလျှင်တော့ ကြက်ဥမွှေထားသည်များထည့်၍ အိုးကိုလှုပ်ကာ ကြက်ဥကို အိုးတစ်ပြင်လုံးပြန့်အောင် လှုပ်လိုက်ပါ။
အပေါ်မှ ဆူးပုတ်ညွန့်များအုပ်ပါ။ မီးအေးအေးနှင့် ထားပါ။ ကြက်ဥအောက်ခံတင်းလာလျှင် ယောင်းမအပြားနှင့် ဖြည်းဖြည်းချင်း ခေါက်လိပ်လိုက်ပါ။ မီးအေးအေးဖြင့် ကြက်ဥမျက်နှာပြင် နှစ်ဖက်လုံး ဖိပေးပါ။
ပြီးနောက် မီးဖိုပေါ်မှချကာ အအေးခံထားပါ။ အနည်းငယ်အေးလာလျှင် ဓါးဖြင့်အနေတော်လှီးကာ အသင့်သုံးဆောင်နိုင်ပါတယ်။