Myanmar
အာလူးနဲ့ ကင်းပုံချက်နည်း
အာလူးလည်းကြိုက်၊ ကင်းပုံသီးလည်း ကြိုက်တဲ့သူတွေအတွက် အရသာရှိပြီးလုပ်ရလွယ်ကူတဲ့ အာလူး၊ ကင်းပုံချက်နည်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကင်းပုံသီး၊ အာလူးအကြီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအစိမ်း၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဇီယာမှုန့်၊ မဆလာမှုန့်၊ ဆီ၊ နံနံပင်၊ ဆားအနည်းငယ် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကင်းပုံသီးကို ရေဆေးလိုက်ပါ။ ပြီးရင်တော့ အရှည်လေးထပ်ခြမ်းခြမ်းကာ လှီးလိုက်ပါ။
ပြီးလျှင် အာလူးကိုအခွံနွှာလိုက်ပါ။ ပြီးရင်တော့ ရေသေချာဆေးပြီး အတုံးလေးတွေလှီးလိုက်ပါ။
ပြီးနောက် ခရမ်းချဉ်သီးနဲ့ ငရုတ်သီးကိုလည်း ရေဆေးပြီး လှီးလိုက်ပါ။
ပြီးရင်တော့ ဆီကိုအပူပေးလိုက်ပြီး ကင်းပုံသီးထည့်လိုက်ပါ။ ပြီးရင်တော့ ခဏလောက်မွှေပေးလိုက်ပါ။ အဲဒီနောက် အာလူးထည့်ပြီး မွှေပေး၍ ငရုတ်သီးထည့်လိုက်ပါ။
အကယ်၍ ခြောက်ကပ်ကပ်ကြီးဖြစ်နေရင် ရေနည်းနည်းထည့်ပါ။
ပြီးနောက် ခရမ်းချဉ်သီးလေးထည့်လိုက်ပြီး ဆားနဲ့ အခြားကျန်တဲ့ပါဝင်ပစ္စည်းတွေထည့်လိုက်ပါ။
ပြီးရင်တော့ သေချာလေးမွှေပေးလိုက်ပြီး ကျက်ပြီဆိုရင်တော့ နံနံပင်ကို လှီးဖြတ်ပြီး ထည့်လိုက်ပါ။
ပြီးရင် ခဏလောက်မွှေပေးလိုက်ပြီးရင်တော့ အသင့်သုံးဆောင်နိုင်ပါတယ်။