Myanmar
ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းနိုင်တဲ့ အစာ စားပုံများ
အစားအစာတွေမှာ ပါဝင်တဲ့ ကယ်လိုရီက မတူညီဲကြပါဘူး ... ထိုမတူညီတဲ့ အစာတွေက သင့်ရဲ့ ခန္ဓာကိုယ် အနှံအပြားလိုအပ်တဲ့ နေရာရော
မလိုအပ်တဲ့ နေရာကိုပါ အထောက်အပံ့ပေးပါတယ်။
လိုအပ်တဲ့ နေရာကို အထောက်ပံ့ပေးတာက ပြဿနာ မရှိပေမဲ့ မလိုအပ်တဲ့ နေရာကို အထောက်အပံ့ ပေးတာက သင့်ခန္ဓာကိုယ်ကို သင်မလိုလားအပ်တဲ့ သက်ရောက်မှုတစ်ခု ဖြစ်လာစေပါတယ်။
ထိုသက်ရောက်မှု့ က သင့်ရဲ့ သင့်ခန္ဓာကိုယ်မှ ထွက်တဲ့ ဟိုမုန်း တွေကို ပေါ်မှုတည်ပြီး ကွဲပြားခြားနားပါသေးတယ်။ယခု ပြောပြပေးမှာကတော့ သင့်ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အာဟာရလည်းရစေမယ် အရသာလည်းရှိမယ့် အစာလေးတွေကို ပြောပြပေးမှာဖြစ်ပါတယ်။
၁ . ကြက်ဥ တစ်လုံး
ကြက်ဥစားမှာက ကိုလက်စရောများတယ်ဆိုပြီ းကြောက်ကြပေမဲ့ တကယ်က ကြက်ဥက ပရိုတင်းဓာတ်နဲ့ အဆီဓာတ် ပါဝင်ပါတယ်။ လုံလောက်တဲ့ အဟာရကို ကြက်ဥ အနှစ်တွေထဲမှာ ပါဝင်တာတွေ့ရပါတယ်။
ကြက်ဥစားထားပြီးရင်ဘာမှ မစားဘဲ သင့်အနေနဲ့ တစ်နေကုန် တောင့်ခံနိုင်ပါလိမ့်မယ် လေ့လာချက်အရ မနက်ခင်းကို အခြား ဆန် တို့ ဂျုံတို့ မစားဘဲ ကြက်ဥနှစ်လုံးသာစားတဲ့ အသက် ၃၀ နှစ်အထက် အမျိုးသမီးတွေဟာ တစ်နေကုန်ဘာမှ ကြီးကြီးမားမား စားစရာ မလိုဘ အဆာခံနိုင်နေတယ်သိရပါတယ်။
၂ . ဆယ်မွန်ငါး
ဆယ်မွန်ငါးက ကျန်းမားရေး အတွက် ကောင်းရုံသာမကပဲ စားရတာလည်း နူးညံပြီး အရသာ ရှိပါတယ်။ သင့်ကို အချိန်တော်တော်ကြာ ဗိုက်ပြည့်နေစေမှာပါ။ ဆယ်မွန်အနေနဲ့ ပရိုတင်းဓာတ် , အာဟာရဓာတ်များစွာ ပါဝင်ပြီး အိုင်အိုဒင်းဓာတ်အပြည့်သင့်ခန္ဓာကိုယ်ကိုရရှိစေမှာပါ။ ဆယ်မွန်နီးတူ ဆာဒင်း ငါးကလည်း အင်မတန်မှ ကောင်းပါတယ်။
၃ . အာလူးပြုတ်
အာလူးကို ကြော်ရင်ဆီပါတာမို့ သင့် ခန္ဓာကိုယ်အတွက် မကောင်းစေပါဘူ။း သို့ပေမည့် ပြုတ်ပြီး စားရင်တော့ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အစာ အာဟာရကို ပေးစွမ်းနိုင်ပြီး ကိုယ်အလေးချိန်ကျစေပါတယ်။အာလူးရယ်မှ မဟုတ်ပါ မြေတွင်းအောင်း အသီးအရွက်တွေက သင့်ကို အဟာရပြည့်စေပါတယ်။ကန်စွန်းဥ နဲ့ မုန်လာဥရောပါပဲ။
၄ . ထောပတ်သီး
ထောပတ်သီးတွေက တော်တော် အသုံးတည့်တာပဲ။ ဘာလို့ဆို ထောပတ်သီးထဲမှာ ကျန်းမာစေတဲ့ ကစီဓာတ်တွေ အပြည့်အဝ ပါဝင်ပါတယ်။ထောပတ်သီးကို သံလွင်ဆီလေးနဲ့ သာစား အို...ဘာပြောကောင်းမလဲ ကောင်းလိုက်တာပြောမနေနဲ့ ထောပတ်သီးမှာ ရေဓာတ်နဲ့ အမျှင်ဓာတ်ပါတယ်။ သင့်ခန္ဓာကိုယ်က အူလမ်းကြောင်းကို ရှင်းစေပါတယ်။
၅ . ဒိန်ချဉ်
ဒိန်ချဉ် ဆိုတာကတော့ နို့ ထွက်ပစ္စည်းပါပဲ။ ဒိန်ချဉ်မှာ ပေါက်ဖွားတဲ့ ဘက်တီးရီးယား ပိုးဟာ လူ့ခန္ဓာကိုယ်မှ အစိတ်အပိုင်းတွေကို ကောင်းမွန်စွာသက်ရောက်မှု ရှိပါတယ်။ထို့အပြင် သင့် အရိုးသန်မာမှုကို အထောက်အကူရှိစေပါတယ်။
အဆိုပါ အစားအစာတွေကတော့ အစာ တွေထဲမယ် သင့်ခန္ဓာကိုယ်အတွက် ကောင်းမွန်စေပြီး လိုလေသေးမရှိ အာဟာရဓာတ်ကို ပေးစွမ်းနိုင်ပါတယ် အစားကို ရှောင်ပြီး အရသာရှိအောင် စားရင်း ခန္ဓာကိုယ်ကို ထိန်းသိမ်းကြပါစို့ ။