Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အစပ်ကြိုက်သူများအတွက် ရှူးရှဲ ငါးကြင်း ငပိချက်

Unicode


အစပ်ကြိုက်သူများအတွက် ရှူးရှဲ ငါးကြင်း ငပိချက်


အစပ်ကြိုက်နှစ်သက်သူများအတွက် ရှူးရှဲ ငါးပိချက် ချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ငါးကြင်း၊ ငပိရည်ကျို၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆီ၊ ငရုတ်သီးစိမ်း၊ ဟင်းခတ်မှုန့် တို့လိုအပ်ပါမယ်။


ပထမဦးဆုံး ငါးကြင်းကို ရေအနည်းငယ်ထည့်၍ ပြုတ်ထားပါ။ ပြီးလျှင် အရိုးနွှင်ထားပါ။ ငရုတ်သီးစိမ်းကို အိုးပူပေးပြီးထောင်းထားပါ။

 

ပြီးနောက် ငပိရည်ကျို ကျိုထားပေးပါ။ ပြီးလျှင် အရိုးစစ်၍ အရည်ကိုဖယ်ထားပါ။

 

Spreads & Jams ယိုမျိုးစုံလုပ်ငန်းပေါင်း ၇၀ ခုကိုရှာရန်နှိပ်ပါ။

 

ပြီးရင်တော့ ကြက်သွန်ဖြူကို မညက်တညက်ထောင်းထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲ ဆီအနည်းထည့်ပြီး ဆီပူလာလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ထည့်၍ ဆီသတ်ပေးပါ။

 

ပြီးနောက် အရိုးနွှင်ထားသော ငါးကိုထည့်၍ ဆီသတ်ပေးပါ။

 

ပြီးနောက် ဆီသတ်ပြီးရင်တော့ ငပိရည်ကျိုကို လောင်းထည့်လိုက်ပါ။

 

ပြီးလျှင် ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး ကြိုက်နှစ်သက်တဲ့ အနေတော်ရသည်အထိ တည်ပေးပါ။

 

ပြီးနောက် ငရုတ်သီးစိမ်းထောင်းကို ထည့်ပြီးရင်တော့ ငါးကြင်းငပိကျက်ကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read More >>>>>  အဆီရှောင်သူတွေအတွက် ချဉ်ငံစပ် ဘဲဥသံပရာ

 

Myanmar Food Industry Directory (WWH)

 

 

 


 


 


 



 


 

Spreads & Jams ယိုမျိုးစုံလုပ်ငန်းပေါင်း ၇၀ ခုကိုရှာရန်နှိပ်ပါ။

 


 


 


 


 


 


 

Read More >>>>>  အဆီရှောင်သူတွေအတွက် ချဉ်ငံစပ် ဘဲဥသံပရာ

 

Myanmar Food Industry Directory (WWH)

Read times Last modified on Tuesday, 18 February 2020 17:19
Rate this item
(1 Vote)