Myanmar
ရှမ်းခေါက်ဆွဲပြုလုပ်နည်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်
ပိတ်ရက် မိသားစုဆုံတုန်းလေး လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ရှမ်းခေါက်ဆွဲပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ရှမ်းခေါက်ဆွဲခြောက်၊ ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ခရမ်းချဉ်သီး၊ ပဲငံပြာရည်၊ ပဲငပိ၊ သကြား၊ ငရုတ်သီးမှုန့်၊ မြေပဲလှော်တို့ လိုအပ်ပါမယ်။
ပထမဆုံး ရှမ်းခေါက်ဆွဲခြောက်ကို နာရီဝက်ခန့် ရေစိမ်ထားရပါမယ်။
ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း တို့ကို ဆီသပ်ပေးပါ။ ပြီးနောက် ငရုတ်သီးမှုန့်ကို ထည့်မွှေပေးပါ။
ပြီးနောက် ခရမ်းချဉ်သီးများကိုထည့်ပြီး ရေအနည်းငယ်ထည့်၍ ရောမွှေပေးပါ။
အနှစ်ရလျှင် ကြက်သား(သို့) ၀က်သားကို ထည့်ပြီး ပဲငပိနှင့် ပဲငံပြာရည်တို့ ထည့်လိုက်ပါ။
ဝက်သားနူးအိရန်အတွက် ရေကိုအနည်းငယ်ထည့်ပြီး ဆီပြန်လာသည်အထိ အဖုံးအုပ်၍ တည်ထားပေးပါ။
ဆီပြန်လျှင် ခရမ်းချဉ်သီးအနှစ်ကို အရသာ အပေါ့အငံကို မြည်းကြည့်ပြီး မီးပိတ်လိုက်ပါ။
ပြီးလျှင် ရေစိမ်ထားသော ရှမ်းခေါက်ဆွဲခြောက်များကို အိုးထဲထည့်၍ ရေနွေးဖြင့် မိနစ်အနည်းငယ်ခန့် ပြုတ်ပေးပါ။ ရှမ်းခေါက်ဆွဲများ နူးအိလာလျှင် ဇကာဖြင့် ပြန်စစ်ထားပေးပါ။
ရှမ်းခေါက်ဆွဲဖတ်များကို ကိုယ်စားမည့် ပန်းကန်လုံးထဲသို့ ထည့်လိုက်ပါ။ အပေါ်မှ ခရမ်းချဉ်သီးအနှစ်၊ မြေပဲထောင်း၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်ထည့်၍ ရောမွှေလိုက်ပါ။ ပြီးရင်တော့ ဆီတို့ဟူးဖြင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။