Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


Stay at Home ကာလ ကောက်ရိုးမှိုများ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချ

Stay at Home ကာလ ကောက်ရိုးမှိုများ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချ MDN

မန္တလေးမြို့ အမရပူရမြို့နယ်တွင် ကောက်ရိုးမှိုများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိရာ လက်ရှိကာလ

Stay at Home ပြုလုပ်ထားသည့်အချိန် ကောက်ရိုးမှိုများကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချလျက်ရှိပါသည်။


နွေရာသီနှင့် မိုးရာသီ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အရိပ်ရသည့် သရက်ခြံများထဲတွင် အများဆုံးစိုက်ပျိုးကြသည်။ ကောက်ရိုးမှို စိုက်ပျိုးသူများမှာ အနည်းဆုံး မှိုပျိုးပုံ(၁၀၀)မှ စတင်ကာ စီးပွားဖြစ် စိုက်ပျိုးကြသည်။ ကောက်ရိုးမှို ပျိုးခြင်းလုပ်ငန်းကို အမရပူရမြို့နယ်တွင် ၁၉၉၃ ခုနှစ်မှ စတင်ကာ စီးပွားဖြစ်စိုက်ပျိုးလာကြသည်။

 

ကောက်ရိုးမှိုကို ကောက်ရိုး၊ ကောက်လှိုင်းကုန်ကြမ်းအစား ဂျပ်စက္ကူ၊ မြင်းချေး၊ နွားချေး၊ ဗေဒါတို့ဖြင့် တွင်ကျယ်စွာ စိုက်ပျိုးလာခဲ့သည်။ နောက်ပိုင်းတွင် ကုန်ကြမ်း မြင်းချေးရှားပါလာသောကြောင့် အသုံးမပြုတော့ဘဲ နွားချေး၊ ဂျပ်စက္ကူ၊ ဗေဒါတို့ကို အသုံးပြုကြသည်။ ကောက်ရိုးမှိုသည် အပူအအေးမျှတအောင် ဆောင်ရွက်ပေးရပြီး ရာသီမရွေး ပျိုးနိုင်သည်။ နွေရာသီတွင် အရိပ်ရသော ခြံများအတွင်း ပျိုးကြပြီး ဆောင်းရာသီတွင် နေပူကွင်းပြင်များတွင် ပျိုးကြသည်။


ကောက်ရိုးမှို ပျိုးပုံတစ်ပုံပြုလုပ်ရန်အတွက် ဂျပ်စက္ကူရှစ်ပိဿာမှ တစ်ဆယ်ပိဿာ၊ နွားချေး လေးတင်းမှ ငါးတင်းခန့် မှိုမျိုးလေးထုပ်၊ ပလတ်စတစ်အကြည် ကောက်ရိုးသက်ငယ်တို့ကို အသုံးပြုကြရသည်။ စတင်ပျိုးသည့် အချိန်မှစကာ ဂရုစိုက်ပေးရပြီး ရက်တိုတိုနှင့် အကျိုးအမြတ်ရရှိသော လုပ်ငန်းဖြစ်သည်။ အမရပူရမြို့နယ် တစ်ဝိုက်တွင် စီးပွားဖြစ် စိုက်ပျိုးကြသည်။ မှိုထွက်နှုန်းမှာ ဆောင်းရာသီတွင် မှိုထွက်နှုန်းများပြီး နွေနှင့်မိုးရာသီတွင် အနည်းငယ် အထွက်လျော့တတ်သည်။


ကောက်ရိုးမှိုပုံ၏ ခြောက်သွေ့မှုနှင့် စိုထိုင်းဆ၊ ရေစုပ်မှုကို ဂရုတစိုက်ကြည့်ကာ ငါးရက်ခန့်တွင် ရေထပ်လောင်းပေးရသည်။ မှိုစတင်ပျိုးသည့်ရက်မှ စတင်ရေတွက်ပါက ၁၀ ရက်၊ ၁၁ ရက်တွင် မှိုစတင်ထွက်ရှိသည်။ မှိုထွက်သည့်အခါ ပလတ်စတစ်ကိုလှပ်၍ မှိုကိုအပွင့်အဆင့်မရောက်မီ ခူးပေးကြရသည်။ မှိုတစ်ပုံလျှင် ငါးပိဿာမှ ခုနစ်ပိဿာအထိ ထွက်ရှိသည်။ မှိုအလုံးအဆင့်သည် ဈေးကွက်ဝင်ပြီး လက်ရှိကာလတွင် မှိုတစ်ပိဿာ ငွေကျပ် ၄၅၀၀ ဖြင့် ရောင်းချလျက်ရှိသည်။

 

မှိုအပွင့်ကမူ ငွေကျပ် ၂၀၀၀၊ ၂၅၀၀ ခန့်သာ ရရှိသည်။ ဆောင်းတွင်းပိုင်းတွင် မှိုဈေးနှုန်း ပိုမိုတတ်သည်။ မှိုကို တစ်နှစ်ပတ်လုံး ဖောက်သည်ယူရောင်းသူများမှာ မှိုပျိုးသည့်နေရာအထိ တက်ဈေး ကျဈေးအတိုင်း လာရောက်ယူသော်လည်း လက်ရှိကာလ အရောင်းအဝယ် အသွားအလာ အခက်အခဲဖြစ်သည့်အတွက် စိုက်ပျိုးသူကိုယ်တိုင် အိမ်အရောက်ပို့စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။


မှိုကို စီးပွားဖြစ်ပျိုးသူများပြီး မှိုပုံအနည်းဆုံး ၁၀၀ မှစတင်ကာ ရာသီနှင့် မှိုဈေးကွက်ကိုကြည့်၍ ပျိုးကြသည်။ ငွေကြေးအရင်းအနှီးအားဖြင့် ငွေကျပ် ၁၀ သိန်းကျော် ရင်းနှီးရသည်။ မှိုပုံတစ်ပုံလျှင် ငွေကျပ်တစ်သောင်းခန့် ကုန်ကြသည်။ ရက်တိုတိုအတွင်း ငွေဖြစ်လွယ်၍ မှိုဈေးကွက်မှာ ခိုင်ခိုင်မာမာရှိပြီး အကျိုးအမြတ်ရှိသည် ဟု အမရပူရမြို့နယ်မှ ကောက်ရိုးမှိုပျိုးသူ ကိုကျော်မိုးရဲ့ ပြောကြားချက်အရ သိရသည်။

 

By Myanmar Food Guide 

MDN

Read times
Rate this item
(0 votes)