Myanmar
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ(၁၃)ရွာတွင် COVID-19 ကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် (၂၅၉) စိုက်ပျိုး
COVID.19 ကာလအတွင်း စီးပွားရေး ထိခိုက်မှုမရှိစေရေးအတွက် စိုက်ပျိုးလုပ်ကိုင်သူတောင်သူများအား (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးခြင်းလုပ်ငန်းများကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် အတွင်းရှိ ကျေးရွာ(၁၃)ရွာတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါတယ်။
မျိုးစေ့ထုတ် စိုက်ပျိုးရေးလုပ်ငန်းတွင် (SRI)စိုက်စနစ်ဖြင့်လည်းကောင်း၊ (၆)တန်းလျှင် (၁)တန်း လှပ်စနစ်ဖြင့် လည်းကောင်း၊ ပျိုးထောင်ရာတွင်လည်း ဘောင်များဖြင့် ပျိုးထောင်ကာ ပြန်လည် စိုက်ပျိုးခြင်း စသည့် နည်းစနစ်မှန် စိုက်ပျိုးနည်းများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စပါးစိုက်ကွင်းများ အရောက် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးရဲမြင့်သိန်းထံမှ သိရှိရသည်။
မြင်းမူမြို့နယ်အတွင်း (CERP) အစီအစဉ်ဖြင့် ကျေးရွာ(၁၃)ရွာတွင် ဒေသခံတောင်သူ(၁၃၉)ဦး ပိုင်ဆိုင် သည့် မြေ(၂၅၉)ဧကတွင် မိုးစပါး မျိုးစေ့ထုတ်လုပ်ကွက်များအဖြစ်အကောင်အထည်ဖော် စိုက်ပျိုးနေ ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
By Myanmar Food Guide



