Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားလို့အရမ်းကောင်းတဲ့ ကြက်သားအပ်မှိုကြော်

Unicode  >>>>>

 

စားလို့အရမ်းကောင်းတဲ့ ကြက်သားအပ်မှိုကြော်


စားလို့အရမ်းကောင်းတဲ့ ကြက်သားအပ်မှိုကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ အပ်မှို၊ ငရုတ်ပွ၊ ကြက်သားမှုန့်၊ ခရုဆီ၊ သကြား၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီမွှေး၊ ကြက်သွန်ဖြူ၊ ဆီ၊  ကော်မှုန့်တို့ လိုအပ်ပါမယ်။


Bottle Caps/Seals ပုလင်းနှင့်ဘူးအဖုံးရရှိနိုင်သည့်ဆိုင်များ (၇) ခုကိုရှာရန်နှိပ်ပါ။


အရင်ဆုံး ကြက်သားကို ရေဆေးပြီး အတုံးကလေးများတုံးထားပါ။  


ပြီးနောက် အပ်မှိုကို အရင်းပိုင်းဖြတ်ပြီး ရေဆေးထားပါ။


ပြီးလျှင် ကြက်သွန်ဖြူကို အခွံနွှာပြီး ခပ်နုပ်နုပ်စဉ်းထားပါ။


ပြီးနောက် ဒယ်အိုးထဲဆီထည့် ဆီပူလာရင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။


ပြီးလျှင် ကြက်သွန်ဖြူအနံ့မွှေးလာရင် ကြက်သားကိုထည့်လိုက်ပါ။


ပြီးနောက် ကြက်သားမှုန့်၊ ခရုဆီ၊ သကြား၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီမွှေး၊ ပဲငံပြာရည်အနောက်တို့ထည့်ပြီး ကြော်ပေးပါ။


ပြီးလျှင် ကြက်သားက အရည်တွေထွက်လာပြီဆိုရင်တော့ ငရုတ်ပွကိုထည့်ကြော်ပါ။


ပြီးနောက် ရေဖျော်ထားတဲ့ကော်ရည်ထည့်လိုက်ပါ။ ကော်ရည်ပွက်လာရင် အပ်မှိုကို ထည့်လိုက်ပါ။


ပြီးလျှင် အပ်မှိုတွေကို အရည်အောက်ရောက်အောင် အနည်းငယ်ဖိပေးပါ။


Read More >>>>>>  အခြေခံ စားသောက်ကုန်များ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်နိုင်ဖွယ်မရှိ


အပ်မှိုထည့်ပြီး တစ်မိနစ်ခန့်ကြာပြီဆိုရင်တော့ ဟင်းကို အပေါ့အငန်မြည်းကြည့်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။


#MFID

 

 

Home Page Food

Zawgyi >>>>>

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

#MFID

Read times Last modified on Tuesday, 17 March 2020 15:33
Rate this item
(1 Vote)