Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးညှင်းမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် ဧက ၅၃၀အတွက် ထောက်ပံငွေ ပေးအပ်

မိုးညှင်းမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် ဧက ၅၃၀အတွက် ထောက်ပံငွေ ပေးအပ် Moi.Gov

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ကိုဗစ်-၁၉

စီးပွားရေးကုစားမှု အစီအစဉ်(CERP)ဖြင့် ဆောင်ရွက်သည့် ထောက်ပံ့ငွ ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၀ခုနှစ် စက်တင်ဘာလ နံနက် ၁၁ နာရီတွင် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက လက်ရှိကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလ နိုင်ငံတော်အစိုးရ အနေဖြင့် အခြေခံလူတန်းစားများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းပြည်သူများနှင့်ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ထောက်ပံ့မှုများ ပေးလျက် ရှိပြီး စက်တင်ဘာလ နံနက် ၁၁ နာရီမှာ ကျင်းပသည့် အခမ်းအနားကလည်း မြို့နယ်အတွင်းရှိ မျိုးကောင်းမျိုးသန့် စိုက်ပျိုး ထုတ်လုပ် နေကြသည့် တောင်သူများ အခက်အခဲမရှိစေရန် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်တယ်လို့ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးအောင်က ထောက်ပံ ပေးအပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူ ၉၇ ဦး၏ စိုက်ပျိုး ဧက ၅၃၀ အတွက် ၁ ဧက ငွေကျပ် ၁၄၈၅၀၀ ကို တက်ရောက်လာကြသည့် တောင်သူ တစ်ဦးချင်းအလိုက် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ ပေးအပ်ခဲ့ကြသည်။

 

ယခုထောက်ပံ့ပေးအပ်သည့် ထောက်ပံငွေများဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကများတွင် မျိုးကွဲပယ်ခြင်း၊ စိုက်ပျိုးစရိတ်၊ မျိုးစေ့ဝယ်ယူရန်နှင့် မျိုးသန့်စင်ခြင်း စသည့် လုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ ပေးခြင်းဖြစ်ပြီး မိုးညှင်းခရိုင်အတွင်း မိုးကောင်းမြို့နယ်တွင်လည်း တောင်သူ ၆၀ ဦး၏ မျိုးစေ့ထုတ် စိုက်ဧက ၂၃၀ အတွက်လည်း ထောက်ပံ့ပေး သွားမှာဖြစ်တယ်လို့ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

 

By Wyk(Myanmar Food Guide)

 

Moi.Gov

Read times
Rate this item
(0 votes)