Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထားဝယ်စတိုင် ၀က်သားချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ၀က်သားကြိုက်နှစ်သက်သူများနှင့်

ဝက်သားကို ပုံစံမရိုးအောင် ချက်ပြုတ်ဖို့အတွက် ထားဝယ်စတိုင် ၀က်သားချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ မန်ကျည်းသီး၊ ဆီ၊ သကြား၊ ငပိ၊ ငံပြာရည်၊ မဆလာ၊ ကြာညို့တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ၀က်သားကို ရေဆေးသန့်စင်ပြီး အရွယ်တော်အတုံးကလေးများဖြစ်အောင် လှီးဖြတ်ထားပါ။ ပြီးလျှင်
မန်ကျည်းမှည့် အရည်ထဲတွင် ငပိကိုဖျော်ထားပါ။

 

ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။

 

ပြီးနောက် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ ငံပြာရည်၊ သကြား၊ ဆီ တို့ဖြင့် အသားကို အိုးထဲတွင် နှံ့အောင်လုံးထားပါ။

 

ပြီးလျှင် ငပိနှင့် မန်ကျည်းမှည့်ရည်ကိုထည့်၍ နှံ့အောင်မွှေပေးထားပါ။ ရေကို အသားမြှုပ်အောင်ထည့်၍ တည်ပေးပါ။

 

အသားနူးပြီး ရေခမ်း၍ ဆီပြန်လာလျှင် မဆလာအုပ် မီးဖိုပေါ်မှချကာ ထမင်းပူပူလေးနှင့် ထားဝယ်စတိုင် ၀က်သားကို အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Tuesday, 18 September 2018 15:21
Rate this item
(3 votes)