Myanmar
ကြက်ဖင်ဆီဖုကင်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်သွားစရာမလိုဘဲ အိမ်တွင်လည်း
ကိုယ်တိုင်လုပ်နိုင်တဲ့ ကြက်ဖင်ဆီဖုကင်လုပ်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်ဖင်ဆီဖု၊ နနွင်းမှုန့်၊ သံလွင်ဆီ၊ ဆားကြမ်း၊ Canjun powder, ပျားရည်၊ သံပရာရည် တို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်ဖင်ဆီဖုကို ရေဖြင့်သန့်စင်အောင်ဆေးကြောပြီး ကြက်ဖင်ဆီဖုကို နနွင်းမှုန့်၊ သံလွင်ဆီ၊ ဆားကြမ်း၊ Canjun Powder, ပျားရည်၊ သံပရာရည်တို့ဖြင့် နယ်ပြီး နှပ်ပေးပါ။
ပြီးလျှင် ကြက်ဖင်ဆီဖုများကို အကင်ဒုတ်တံတစ်ချောင်းစီကို ဖင်ဆီဖု ၃ ခု ထိုးထားပါ။
ပြီးလျှင် Oven စက်ထဲသို့ ၅ မိနစ်ခန့်ထား၍ အပေါ်အရေခွံရွှေရောင်သန်းပြီး ကြွပ်လာလျှင် ကြက်ဖင်ဆီဖုထိုးထားတဲ့ ဒုတ်ချောင်းကို လှည့်လှည့်ပေးရပါမယ်။
ပြီးနောက် ပတ်ပတ်လည်ကြွပ်ပြီး ရွှေရောင်သန်းလာပြီဆိုလျှင် ကြက်ဖင်ဆီဖုကင်ကို အချဉ်ရည်လေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။