Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကာလ တိုးမြှင် သတ်မှတ်

ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကာလ တိုးမြှင် သတ်မှတ် Google

ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်အထိ

တိုးမြှင့်၍ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး

အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၃/၂၀၂၀

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက်

(၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်)

 

၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-ခ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

 

၂။ ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော Coronavirus Disease 2019(COVID-19)ကြောင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက်သာစေရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ ၂၄-၃၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၈/၂၀၂၀ ဖြင့် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကောက်ခံခြင်းအား ယခုဘဏ္ဍာနှစ်ကုန် (၁-၄-၂၀၂၀ ရက်မှ ၃၀-၉-၂၀၂၀ ရက်)အထိ ကင်းလွတ် ခွင့်ပြုပေးခဲ့ပါသည်။

 

၃။ ယခုအခါ Coronavirus Disease 2019(COVID-19) ရောဂါကြောင့် သက်ရောက်နေသည့် စီးပွားရေး နှေးကွေးမှုကို ပြန်လည်နိုးဆွနိုင်စေရန်အတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံ ခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်အထိ တိုးမြှင့်၍ ကင်းလွတ်ခွင့်ပြုလိုက်သည်။

 

စိုးဝင်း

ပြည်ထောင်စုဝန်ကြီး

 

2_percenttax.jpg

By Myanmar Food Guide

Read 753 times
Rate this item
(0 votes)