Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ဂုံးချဉ်စပ်ငါးပိချက်

ထမင်းမြိန်စေပြီး အလွန်အရသာရှိတဲ့ ဂုံးချဉ်စပ်ငါးပိချက် ချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ဂုံး၊ မန်ကျည်းမှည့်၊ ငါးပိရည်ကျို၊ ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အသားမှုန့်၊  ငရုတ်ကောင်းမှုန့်၊ အရောင်တင်မှုန့်၊ ဆား တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဂုံးများကို စင်အောင်ဆေးကြောထားပါ။ ဂုံးကို သန့်စင်ပြီးသား ရှော့ပင်းမောများတွင် ဝယ်ယူနိုင်ပါတယ်။

 

ပြီးနောက် မန်ကျည်းမှည့်ကို ရေနွေး နဲ့ဖျော်ပြီး ဂုံးများကိုစိမ်ထားပါ။ သို့မှသာ  ဂုံးရဲ့ ညှီနံ့ ပျောက်စေမှာဖြစ်ပါတယ်။ အချဉ်ဓာတ်လေးလည်း ဝင်သွားတာပေါ့။

 

ပြီးနောက် ကြက်သွန်နီကို ပါးပါးလှီးထားပြီး ကြက်သွန်ဖြူကိုဓားပြားရိုက်ထားပါ။

 

ပြီးလျှင် ဒယ်အိုးမှာ ဆီများများထည့်ပြီး ကြက်သွန်နီကို လှိမ့်ကြော်ပေးပါ။


ပြီးနောက် ကြက်သွန်ဖြူဓားပြားရိုက်လေးများကိုလည်း ရောကြော်ပါ။

 

Read More >>>>>>  အီကြာကွေးအဆာသွတ်အကြွပ်ကြော်

 

ပြီးလျှင် အရောင်တင်မှုန့်လေးများကို ထည့်ပြီးမွှေပါ။ ကြက်သွန်များ ကြွပ်လာရင် ဂုံးများကို ရေစစ်ပြီးလှိမ့်ပေးပါ။ မွှေပေးပါ။ ပြီးနောက် အရသာအတွက် ဆား၊ အသားမှုန့်ထည့်ပါ။

 

ပြီးလျှင် ခြောက်ခြောက်လေး ဖြစ်လာခါနီးရင် ဂုံးစိမ်ထားသော မန်ကျည်းရည် နဲ့ ငါးပိဖျော်ထားတာ ကို ရောထည့်ပါ။ ဆူပွက်လာအောင် အဖုံးခဏအုပ်ထားပါ။


ပြီးနောက် ဆီပြန်လာပြီဆိုရင် ငရုတ်ကောင်းထည့်ပြီး  ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်း စတာတွေအုပ်ပြီး မွှေပေးထားပါ။

 

ပြီးရင်တော့ အလွန်အရသာရှိပြီး ထမင်းမြိန်စေမယ့် ဂုံးချဉ်စပ် ငါးပိချက်လေးကို ထမင်းပူပူလေးနဲ့ တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Friday, 07 June 2019 14:54
Rate this item
(1 Vote)