Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကွမ်းစိုက်တောင်သူများ ကွမ်းရွက်ဈေးကျဆင်းနေသဖြင့် ဝင်ငွေနည်းပါး

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကွမ်းစိုက်တောင်သူများ ကွမ်းရွက်ဈေးကျဆင်းနေသဖြင့် ဝင်ငွေနည်းပါး moi.gov

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကွမ်းစိုက်တောင်သူများသည် ယခုကာလအတွင်း ကွမ်းရွက်ဈေးများ

ကျဆင်းနေခြင်းကြောင့် ကွမ်းရွက်စိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် ကွမ်းခြံ ပိုင်ရှင်များ ဝင်ငွေကျဆင်းလျက်ရှိသည်။

 

ယခုနှစ် နှစ်ဦးပိုင်းမှစ၍ ယခုဇူလိုင်လအထိ ကွမ်းရွက်ဈေးပုံမှန်ရှိခဲ့ရာမှ ပြီးခဲ့သည့်ဩဂုတ်လမှစ၍ ကွမ်းရွက်ဈေးမှာ၊ တစ်ဖြေးဖြေး ကျဆင်းလာရာ ယနေ့ရက်များတွင် (ဒိုင်သွင်းဈေး) တစ်ပိသာ လျှင်ငွေ ကျပ်(၇၀၀)ဈေးသာရရှိကာ ကွမ်းခြံလုပ်ငန်းမှာ ရင်းနှီး ရသည့် ငွေကြေးများပြားပြီး ခြံရင်းနှီးရခြင်း၊ အလုပ်သမားများအတွက် လုပ်အား ခပေးရခြင်းနှင့် ဆေးဝါး သုံးစွဲရခြင်း တို့ရှိတာကြောင့် ခြံအတွင်း စိုက်ပျိုးထားသည့် ကွမ်းခြံမှာပင် (၁၅) ရက် တစ်ကြိမ် ခူးယူရပြီး ပိဿာ (၃၀) ခန့် ရရှိကာ တစ်လဝင်ငွေ (၄၀၀၀၀) ကျပ်သာရရှိ၍ အပိုငွေ အကျိုးအမြတ် အလွန်နည်းပါး လျက်ရှိတယ်လို့ မြင်းမူမြို့၊ အသောကရပ်ကွက်မှ ကွမ်းခြံစိုက်ပျိုး လုပ်ကိုင်သူများ ပြောကြားချက်အရ သိရသည်။

 

မြင်းမူမြို့နယ်အတွင်း ကွမ်းရွက်စိုက်ပျိုးလုပ်ကိုင်နေသည့် ကွမ်းခြံ (ခြံကြီး၊ခြံသေး) ပေါင်း(၂၀၀၀)ခန့်ရှိပြီး ကွမ်းရွက်ဈေး ဆက်လက်ကျဆင်းလာမှာကို ကွမ်းခြံစိုက်ပျိုး လုပ်ကိုင် နေသူများ စိုးရိမ်လျက်ရှိကြသည်။

 

By Myanmar Food Guide

moi.gov

Read 1174 times
Rate this item
(0 votes)