Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


A အဆင့်ရရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ဒီဇင်ဘာ ၄ ရက်မှာ ပြန်ခွင့်ပြုမည်

ပြည်တွင်းမှာ ကိုဗစ်ဒုတိယ လှိုင်းကြောင့် ပိတ်ထားလိုက်ရတဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည် ဆိုင်တွေကို မနက်ဖြန် ဒီဇင်ဘာလ ၄ ရက် စပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ်လို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

 

စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး နှစ်လကျော်ကြာ ပါဆယ်စနစ်နဲ့ သာရောင်းချခွင့်ပြုခဲ့ရာ အခုဒီဇင်ဘာ ၄ရက်နေ့ကစပြီး Stay At Homeသတ်မှတ်ထားခြင်းမရှိတဲ့မြို့နယ်များက Aအဆင့်ရတဲ့ဆိုင်တွေအနေနဲ့ ကိုဗစ်စည်းကမ်းနဲ့ အညီဆိုင်ထိုင်စားသောက်ခွင့်ရတော့မှာဖြစ်ပါတယ်။

 

ဒီလို ဖွင့်ခွင့်ပေးဖို့ကိုတော့ နိုဝင်ဘာလတတိယပတ်အတွင်းက ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဌာနဆိုင်ရာတွေက စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေကို နှစ်ကြိမ်သုံးကြိမ်သွားရောက်စစ်ဆေးခဲ့ပြီး မှခွင့်ပြုတာဖြစ်ပါတယ်။

 

အဲဒီလိုစစ်ဆေးရာမှာ ဆိုင်ဝန်ထမ်းတွေက နှာခေါင်းစည်းအပါအဝင် တစ်ကိုယ်ရည်သုံးအကာအကွယ် ပစ္စည်းတွေဝတ်ဆင်ဖို့၊ကိုယ်အပူချိန်တိုင်းဖို့၊ ပလက်စတစ်အကာတွေထားရှိဖို့၊ စားပွဲဝိုင်းတွေ ခြောက်ပေအကွာရှိဖို့စတဲ့ အချက်တွေနဲ့ပြည်စုံရင် အေ အဆင့်သတ်မှတ်ပြီး ဖွင့်ခွင့်ပေးမှာဖြစ်ပြီး ထပ်တိုးစည်းကမ်းကတော့ ဆိုင်နေရာအကျယ်အဝန်းပေါ်မူတည်ကာ စားပွဲဝိုင်းသတ်မှတ်တာတွေလည်းပါဝင်ခဲ့ပါတယ်။

 

မြန်မာတစ်နိုင်ငံလုံးမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက် အေ အဆင့်နဲ့ ကိုက်ညီပြီး ဖွင့်လှစ်ခွင့်ပြုမယ့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် ပေါင်း ၈၀၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဖွင့်လှစ်မယ့်ဆိုင်တွေကို လည်း ကိုဗစ်စည်းကမ်းနဲ့ ညီ၊ မညီ ရှောင်တခင်စစ်ဆေးဖို့နဲ့ ကျန်ရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် တွေကိုလည်း ဆက်လက်စစ်ဆေးပြီး အေ အဆင့်ရရင် ဖွင့်လှစ်ခွင့်ပြုမယ် လို့ သိရပါတယ်။

 

သတင်း/ပိုးဥ

 

Read times Last modified on Thursday, 03 December 2020 22:15
Rate this item
(2 votes)