Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးတိုင်းအစိုးရမှ မြို့နယ်အလိုက် အရေးပေါ်ရိက္ခာစားဆီများ သိုလှောင်ထားရန် ညွှန်ကြား

မန္တလေးတိုင်းအစိုးရမှ မြို့နယ်အလိုက် အရေးပေါ်ရိက္ခာစားဆီများ သိုလှောင်ထားရန် ညွှန်ကြား Google

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ (၂၀) ရက်နေ့တွင် စားသုံးဆီများအား အရေးပေါ်အခြေနေများအတွက်

မြို့နယ်အလိုက် သိုလှောင်ထားရန် ညွှန်ကြားခဲ့သည်။

 

အရေးပေါ် ရိက္ခာစားဆီ၊ ဆီပုံးများအား ကျောက်ဆည်မြို့နယ်၌ သိုလှောင်ထားရန် ကြေညာထားပြီး သိုလှောင်ရမည့် ပမာဏနှင့် မြို့နယ်များမှာ - 

 

ကျောက်ဆည်မြို့ (၃၇၁၂) ပုံး

 

စဉ့်ကိုင်မြို့နယ်တွင် (၂၁၅၁) ပုံး

 

တံတားဦးမြို့နယ်တွင် (၂၀၀၇) ပုံး

 

မြစ်သားမြို့နယ်တွင် (၂၈၂၀) ပုံး

 

စုစုပေါင်း အရေးပေါ် ရိက္ခာစားဆီ ပုံး ၁၀၆၉၀ အားသိုလှောင်ရုံများတွင် သိုလှောင်ထားပြီး ဖြစ်သည်။

 

မန္တလေးတိုင်း အစိုးရအဖွဲ့မှ ပြည်သူလူထုစားနပ်ရိက္ခာ အဆင်ပြေစေရန်အတွက် အခုလို အရေးပေါ်စားဆီများကို သိုလှောင်ထားရခြင်းဖြစ်သည်။ ဒါ့အပြင် COVID-19 ရောဂါဖြစ်ပွားမှု မြင့်မားလာလျှင် သို့မဟုတ် ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲရှိလာလျှင် ယခု သိုလှောင်ထားသော စားသုံးဆီများအား ဖြန့်ဝေပေးသွားမှာဖြစ်သည်။

 

သိုလှောင်ရုံများ၌ ဆီပုံးများ လျော့နည်းမှုမရှိစေရန်နှင့် အလေအလွင့်မရှိစေရန် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်မှာ ဖြစ်သည်ကိုလည်း သိရသည်။ ကွင်းဆင်း စစ်ဆေးရာတွင် သက်ဆိုင်ရာ မြို့နယ်များမှ ခရိုင်သိုလှောင် ထိန်းသိမ်းမှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များမှ စစ်ဆေးသွားမှာ ဖြစ်သည်။

 

ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများအား အရေးပေါ်ရိက္ခာ စားဆီများကို ခွဲတမ်းစနစ်ဖြင့် ဖြန့်ဖြူးပေး နိုင်ရန်အတွက်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ ၊ ဆီကုန်သည် များ၊ ဆီလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိသည်လို့ သိရသည်။

 

By Myanmar Food Guide

Source:ကြေးမုံ သတင်းစာ

Read 1173 times
Rate this item
(0 votes)