Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထားဝယ်ဒေသအစားအစာဖြစ်တဲ့ ရှောက်သီးငါးပိသုပ်

ထမင်းမြိန်စေပြီး ထားဝယ်ဒေသ အစားအစာတစ်မျိုးဖြစ်တဲ့ ရှောက်သီးငါးပိသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ရှောက်သီးကအချဉ်ဖြစ်တဲ့အတွက် သွေးတိုးရှိရင်တောင် စားလို့ရပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ ငါးပိ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်၊ ရှောက်သီးတို့ လိုအပ်ပါမယ်။

ပထမဦးဆုံး ငါးပိကို မီးကင်ပေးပါ။ မတူးအောင်ကင်ပါ တူးရင်တော့ ခါးပြီး ငါးပိအနံ့လည်း သိပ်မမွှေးတဲ့ အတွက် ဖြစ်ပါတယ်။

ငရုတ်သီးစိမ်းကို အညှာချွေပြီး မွှေးအောင် လှော်ပေးထားပါ။ ကြက်သွန်ဖြူကိုလည်း လှော်လိုက်ပါ။


ပြီးလျှင် ငရုတ်သီး၊ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပါ။ ပြီးရင် ငါးပိကို ဟင်းခတ်မှုန့် အနည်းငယ်နဲ့ထောင်းထားပါ။


ရှောက်သီးကိုအခွံခွာပြီး အဖတ်ကလေးများဖြစ်အောင် ပြုလုပ်ထားပါ။ ပြီးလျှင် ဆားအနည်းငယ်နှင့်နယ်ပြီး ငါးပိထဲသို့ ထည့်ထောင်းလိုက်ပါ။ နှံ့ရုံဖွဖွကလေးထောင်းပေးပါ။ ရှောက်သီးဖတ်လေးတွေ ကြေမသွားအောင်ပါ။



ပြီးရင်ဗူးလေးထဲထည့်ပြီးအပေါ်ကဆီမြှုပ်အောင်ထည့်ထားရင် အကြာကြီးထားစားလို့ရပါတယ်။


အရေးကြီးတာတစ်ခုကတော့ ငါးပိဖုတ်
ထားတာကိုအပူအတိုင်းထည်ထောင်းရင်​​ရှောက်သီးကခါး
သွားတတ်
ပါတယ်


ထို့ကြောင့် ငါးပိမီးဖုတ်
ထားတာလုံးဝအေးသွားမှထောင်းသင့်ပါတယ်။

Read times
Rate this item
(1 Vote)