Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


FDA ကုန်ပစ္စည်းများအတွက် ဖြေလျော့မှုများ ထုတ်ပြန်ကြေညာ

FDA ကုန်ပစ္စည်းများအတွက် ဖြေလျော့မှုများ ထုတ်ပြန်ကြေညာ Google

FDA ကုန်ပစ္စည်းများအတွက် ဖြေလျော့မှုများကို အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲမှ ထုတ်ပြန်ကြေညာ

ထားသည်ကို ဖော်ပြအပ်ပါသည်။

 

အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက်အမှတ် ( ၀၁၇ /၂၀၂၀ )

 

ရက်စွဲ။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်

 

ကြေညာလွှာတင်သွင်းသူများသိရှိနိုင်ပါရန်

 

၁။ အကောက်ခွန်ဦးစီးဌာနအနေဖြင့် အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရန်၊ အချိန်ကြန့်ကြာမှုအား လျှော့ချနိုင်ရန်နှင့် ကုန်သွယ်မှုပိုမိုလျင်မြန်ချောမွေ့စေရန်၊ COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း တစ်ဦးနှင့် တစ်ဦး ထိတွေ့မှု (Face to Face Contact) လျှော့ချနိုင်တို့ရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သွင်းကုန် ကျန်းမာရေးထောက်ခံချက် (IHC) ရယူပြီးမှ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရမည့် စားသောက်ကုန် ပစ္စည်းများကို After Declaration ဖြင့်သော်လည်းကောင်း၊ After Release Order ဖြင့်သော်လည်းကောင်း ထုတ်ယူခွင့်ပြုရာတွင် အောက်ပါအတိုင်း ဖြေလျှော့ဆောင်ရွက်သွားမည် ဖြစ်ပါသည်

 

(က) MACCS System မှ မည်သည့် Selectivity သတ်မှတ်သည်ဖြစ်စေကာမူအကောက်ခွန်ဦးစီးဌာနမှ Sample ပစ္စည်းကို ထုတ်ပေးခြင်းပြုတော့မည် မဟုတ်ပါ။

 

(ခ) Importer သို့မဟုတ် ယင်း၏ကိုယ်စားလှယ်အနေဖြင့် After Release Order ဖြင့် ကုန်ပစ္စည်းထုတ်ယူရာတွင် ကုန်လှောင်ရုံ၌ အကောက်ခွန် ဦးစီးဌာနက Customs Seal ပိတ်ပေးရန်အတွက် HYs Service ဖြင့် ကြိုတင် လျှောက်ထားခြင်း (PAAR No. ထည့်သွင်းပေးရန် မလိုအပ်တော့ခြင်း)၊ အကောက်ခွန်အရာရှိမှ လိုက်လံ၍ Customs Seal ခပ်နှိပ် ခြင်း၊ FDA Approval ရရှိပါက Customs Seal ပါယ်ဖျက်ပေးရန် လျှောက်ထားခြင်း၊ ပါယ်ဖျက်ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို လျှော့ချဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

(ဂ) သို့ရာတွင် ကုန်တင်သွင်းသူ သို့မဟုတ် ယင်း၏ကိုယ်စားလှယ်သည် After Release Order ဖြင့် သွင်းကုန်ကြေညာလွှာတင်သွင်းမည်ဆိုပါက ယခင်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အတိုင်း (IDA Screen) ၏
After Release Order အကွက်၌ “Y” ကို ဖြည့်စွက်ပေးရပါမည်။

 

(ဃ) | ကုန်ပစ္စည်းထုတ်ယူသွားပြီးနောက်ပိုင်း FDA ဓါတ်ခွဲစစ်ဆေးမှုအတွက် လိုအပ်သော Sample ပစ္စည်းကို ကုန်တင်သွင်းသူ သို့မဟုတ် ယင်း၏ ကိုယ်စားလှယ်ကိုယ်တိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ သတ်မှတ်ထားသောအရေအတွက်နှင့် ပုံစံအတိုင်း မပျက်မကွက် ထုတ် ယူ၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ၂ ပတ်အတွင်း ပေးပို့လျှောက်ထားတင်ပြရမည်။ MACCS System အသုံးပြုသော ဒေသများတွင် OGA Application အား MACCS System မှတစ်ဆင့် OA Service ကို သုံးစွဲ၍ လျှောက်ထားရမည်။ ထို့အပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် Approval ရရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန်အတွက် တင်သွင်းသူကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ယူရမည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်း ခံရမည် ဖြစ်ပါသည်။ 

 

၂။ အထက်ပါလုပ်ငန်းစဉ် ဖြေလျှော့ဆောင်ရွက်မှုကို အထောက်အကူပြုစေရန်အတွက် အကောက်ခွန်ဦးစီးဌာနအနေဖြင့် ဆိပ်ကမ်းများမှ ထုတ်ယူသွားသော စားသောက်ကုန်ပစ္စည်းစာရင်းများနှင့် ပတ်သက်သော (Release Order Notification) များကို Real Time Information အဖြစ် နေ့စဉ်ပေးပို့သွားမည်ဖြစ်ပါသဖြင့် ကုန်တင်သွင်းသူများ ထုတ်ယူသွားသည့်ပစ္စည်းစာရင်းကို အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စဉ်ဆက်မပြတ် စောင့်ကြည့်စိစစ်နိုင်မည် ဖြစ်ပါသည်။ သို့ပါ၍ ကုန်ပစ္စည်းတင်သွင်းသူ (Importer) များအနေဖြင့် အထက်အပိုဒ် ၁ (ဃ) နှင့် (င) ပါ လုပ်ငန်းစဉ်များကို ကိုယ်တိုင်တာဝန်ယူမှု တာဝန်ခံမှု ( Self-Compliance ) ဖြင့် မပျက်မကွက် လိုက်နာဆောင်ရွက်ပေးကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

 

၃။ အထက်ဖော်ပြပါ အကောက်ခွန်လုပ်ငန်းစဉ်တွင် ဖြေလျှော့ဆောင်ရွက်မှုကို ၁-၁၀၂၀၂၀ ရက်နေ့မှစ၍ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


အကောက်ခွန်ဦးစီးဌာန

 

No description available.

 

No description available.

 

By Myanmar Food Guide

 

FDA

Read times
Rate this item
(0 votes)