Myanmar
ဝယ်ယူမစားသင့်သော အစားအသောက်နဲ့ ပတ်သက်ပြီး FDAမှ အသိပေး ကြေညာ
FDAမှ အစားအသောက်နဲ့ ပတ်သက်ပြီး အသိပေး ကြေညာချက်များကို ထုတ်ပြန်ထားပါသည်။
အသိပေးကြေညာချက်
၁။ စင်္ကာပူနိုင်ငံ MS Nutrition Pte Ltd. အတွက် ထုတ်လုပ်ထားသော Nutrilatt အမှတ်တံဆိပ် နို့စို့ကလေးနှင့်ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များကို ကမ္ဘောဒီယား နိုင်ငံတွင် (၁၇-၇-၂၀၂၀) ရက်နေ့နှင့် (၂၉-၇-၂၀၂၀) ရက်နေ့တို့၌ ဈေးကွက်နမူနာကျဘမ်း ကောက်ယူ စစ်ဆေးရာ ဇင့်ဓာတ် (Zinc) နှင့် သံဓာတ် (Iron) ပမာဏမှာ အမှတ်တံဆိပ်တွင် ဖော်ပြထားသော ပမာဏနှင့် အရည်အသွေး ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အကြောင်းကြားလာပါ သည်။
၂။ အသိပေးလာသော အရည်အသွေးပြည့်မီခြင်းမရှိသည့် စားသောက်ကုန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
၃။ ဖော်ပြပါစားသောက်ကုန်များအနက် ထုတ်လုပ်သည့် အမှတ်စဉ် (၂) ပါ Batch No. - ၄၈၈ သည် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းထားကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါစားသောက်ကုန်ကို ဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့် ဈေးကွက်တွင်တွေ့ရှိပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (ဖုန်းနံပါတ် - ၀၉၈၈၂၈၅၃၉၈၂၊ အီးမေးလ် - fooddiv007.mm@gmail.com) သို့ သတင်းပေး ပို့ခြင်း ဆောင်ရွက်ရန် အသိပေးနှိုးဆော်အပ်ပါသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
Myanmar Food Guide
FDA