Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးသူ ပြည်သူများ ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်ရန် မန္တလေးမြို့တွင် ဆောင်ရွက်ထား

စားသုံးသူ ပြည်သူများ ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်ရန် မန္တလေးမြို့တွင် ဆောင်ရွက်ထား

 

COVID-19 ကာလအတွင်း ဆန်တစ်ပြည်ကို တစ်ထောင်ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများ ဝယ်ယူနိုင်စေရန် ဆန်လက်လီရောင်းချမည့် ကုန်သည်များနှင့် ဆန်လိုအပ်ချက်ရှိသူများထံ နိုင်ငံတော်မှ ဆန်အိတ်ရေ(၁၀)သိန်းကျော် ရောင်းချပေးလျက်ရှိပါသည်။

 

ရန်ကုန်၊ မန္တလေးတွင်သာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆန်လက်လီ ရောင်းချမည့်ကုန်သည်များပါ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တစ်ဆင့်လျှောက်လွှာတင်ပြီး ဝယ်ယူနိုင်ပါသည်။

 

မန္တလေးမြို့တွင် စက်တင်ဘာလဆန်းပိုင်းကတည်းက ဆန်ဆိုင်ပေါင်း(၁၅)ဆိုင်မှ တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့်လည်းကောင်း ၊ တစ်အိတ်(၂၄၀၀၀)ကျပ် နှုန်းဖြင့် လည်းကောင်း ရောင်းချပေးလျက်ရှိသည်။

 

ယခုမိုးစပါးပေါ်ချိန် COVID-19 ဒုတိယလှိုင်းတွင် ဆန်ပြတ်လပ်မှုမရှိနိုင်ဘူးဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ထံမှ သိရပါသည်။

 

 

By Myanmar Food Guide

Read times
Rate this item
(0 votes)